
ကလေးဆိုးလေးလို့ ဆိုလိုက်တာနဲ့ မျက်စိထဲကို တန်းမြင်တာက ကစားစရာတေွ တစ်အိမ်လုံးအပြည့်နဲ့ ပြည့်စုံတဲ့ကလေးမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆိုးစေတာက ပိုင်ဆိုင်မှုများခြင်းကြောင့် မဟုတ်ပါဘူး။ ကလေးကို ထိန်းကျောင်းပြစုနည်း အလွဲကြီး လွဲမှားနေလို့ပဲ ဖြစ်ပါတယ်။ ကလေးဆိုးတေွဟာ အလိုကြီးပြီးတော့ တစ်ကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရ ပိုလွယ်သယောင်လို့ ထင်ရပေမယ့် သူတို့လိုချင်တာဟူသမှျကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီးတော့ လောကကို သံသယများလာတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့လိုချင်တာရဖို့နဲ့ နွဲ့ဆိုးဆိုးပြီးတော့ တောင်းနေကျဆိုတော့ သူများက ပေးတဲ့ အခါမှာ ကျေးဇူးတင်ရကောင်းမှန်းလည်း မသိတော့ပဲ မေတ္တာတရားကို မခံစားတတ်တော့ပါဘူး။ မတင်းတိမ် မရောင့်ရဲတတ်ခြင်းဟာ ကလေးရဲ့စိတ်ကို ပင်ပန်းစေတာကြောင့် ကလေးကို အလိုလိုက်လွန်းခြင်းဟာလည်း ကြီးပြင်းလာတဲ့ အခါ ဘဝမှာရင်နာစရာတေွ ပိုမိုခံစားရအောင်လို့ လုပ်သလိုဖြစ်နေပါတယ်။ မိဘတေွအနေဖြင့် မိမိရဲ့ကလေးကို ဆိုးတဲ့အခြေအနေမျိုး မရောက်အောင် အလိုမလိုက်ပဲ ထားဖို့ကလည်း ခက်ခဲတတ်သဖြင့် ကလေးဆိုးတစ်ဦးကို ဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတေွကို မိဘများရေှာင်ရှားနိုင်ဖို့အတွက် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးရဲ့ ဆန္ဒတိုင်းကို နံပတ် (၁)ထားပြီးတော့ ဖြည့်ဆည်းပေးခြင်း
----------------------------------------------------------------------------
ကလေးရဲ့ဆန္ဒတိုင်းကို တစ်လောကလုံးမှာ အရေးကြီးဆုံးလို သဘောထားပြီးတော့ လိုုက်လျောပေးတာဟာ လောကကြီးတစ်ခုလုံးက သူ့အလိုကို ဖြည့်ပေးရမယ်လို့ မှားယွင်းမှတ်ယူလာစေပါတယ်။ အဲဒီအခါမှာ သူတစ်ပါး (မိသားစုအပါအဝင်)ရဲ့လိုအပ်ချက်တေွ ဆန္ဒတေွကို ကလေးက မမြင်တတ်တော့ပါဘူး။ ကလေးတေွအနေနဲ့ လောကမှာ အပေးအယူဆိုတာ ရှိကြောင်း သိဖို့လိုအပ်ပါတယ်။ ယူရတာပဲများပြီးတော့ ပေးဖို့မတတ်တော့တဲ့အခါ ပေးဆပ်ခြင်းမှ ရရှိတဲ့ပီတိကို မခံစားဖူးတာကြောင့် စိတ်ညစ်လွယ်တတ်ပါတယ်။

၂။ ကလေးရဲ့ ကောင်းတဲ့အပြုအမူတေွကို လျစ်လျူရှုမိခြင်း
--------------------------------------------------------------
မိဘတော်တော်များများက ကလေးတေွ အေးဆေးတိတ်ဆိတ်စွာ ကစားနေကြတဲ့အချိန်တေွ ၊ ပြဿနာမရှာခင် အချိန်တေွမှာ ချီးကျူးစကားကို မဆိုမိတတ်ကြပါဘူး။ ဆူညံတဲ့အချိန်တေွမှာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့သလိုပဲ တိတ်ဆိတ်လိမ္မာစွာ ကစားနေတဲ့အချိန်မှာလည်း မပျက်မကွက် ချီးကျူးစကား ပြောပေးပါ။ ကောင်းတဲ့အပြုအမူတစ်ခုခုကို လုပ်တိုင်းလည်း မဖြစ်မနေ ချီးမွမ်းပေးပါ။

၃။ မကောင်းတဲ့ အပြုအမူတေွကို မတော်တဆမှားယွင်း အလေးထားမိစေခြင်း
-----------------------------------------------------------------------------------
တစ်ချို့မိဘတေွဟာ ကလေးတေွ လိမ္မာနေတဲ့အချိန်မှာ သတိမပြုမိတတ်တော့ ကလေးတေွက ဆူပူအော်ဟစ်ခြင်းဖြင့် ဂရုစိုက်ခံရအောင် ပြုလုပ်တတ်ပါတယ်။ ကလေးကို လိမ္မာနေတဲ့အချိန်ချီးကျူးခြင်းကို မပျက်မကွက်ပြုလုပ်ပါက ကလေးဟာ လိမ္မာဖို့ ပိုကြိုးစားလာမှာဖြစ်ပြီး မလိမ္မာတဲ့အချိန် အလိုလိုက်ခြင်းကလည်း ပိုမို ဆိုးတဲ့ကလေးကို ဖြစ်လာစေပါတယ်။

၄။ ကလေးအတွက် စည်းကမ်းတေွကို သေချာချမှတ်ပေးဖို့ ပျက်ကွက်ခြင်း
------------------------------------------------------------------------------
အပြုအမူကောင်းတေွကို သတ်မှတ်ထားတဲ့ စည်းကမ်းတေွကို သေချာချမှတ် မထားဘူးဆိုရင်တော့ ကလေးဆိုးတစ်ယောက်ရဲ့ မိဘဖြစ်ဖို့အတွက် အများကြီး နီးစပ်နေပါပြီ။ ကလေးဆိုတာ သဘာဝအတိုင်း အစထဲက မသင်ပေးဘဲနဲ့ လိမ္မာမလာနိုင်ပါဘူး။ ဒါကြောင့် အပြုအမူကောင်းတေွကို သတ်မှတ်ထားတဲ့ စည်းကမ်းတေွကို သေချာချမှတ်ပြီးတော့ ဆုပေး ဒဏ်ပေးစနစ်နဲ့ ပြုပြင်ထိန်းကျောင်းသင့်ပါတယ်။

၅။ စည်းကမ်းချမှတ်ထားတဲ့အတိုင်း တိတိကျကျ မဆောင်ရွက်ခြင်း
----------------------------------------------------------------------
ကလေးကို မလုပ်ဖို့တားမြစ်ထားတာတေွကို ကလေးက လုပ်တဲ့အခါ သတိမပြုမိလိုက်ခြင်း၊ မအားလပ်သဖြင့် အထေွအထူးမပြောမိလိုက်ခြင်းတို့က မဖြစ်သင့်ပါဘူး။ ကလေးကို တားမြစ်ထားတဲ့ အရာကိုလည်း မိသားစုထဲက တစ်ခြားသူ တစ်ဦးဦးက ကလေးရေှ့မှာ ပြုလုပ်ခြင်းကို ခွင့်မပြုသင့်ပါ။ ဥပမာ စားစရာကို မဆော့ဖို့ ကလေးကိုပြောထားပြီးမှ သူ့အထက်အကြီးလေးက စားစရာကို ဆော့နေတာ သတိမပြုမိလိုက်ပဲ ကလေးက တေွ့မြင်သွားခြင်းဟာ စည်းကမ်းကို ဖောက်ဖို့ တွန်းအားတစ်ခုလို ဖြစ်နေစေပါတယ်။

၆။ ကလေး မလုပ်ချင်တာကို အတင်းလုပ်ခို်င်းခြင်း
-----------------------------------------------------
မိမိလုပ်စေချင်တာကို မလုပ်ရင် သကြားလုံး မကျေွးဘူးဆိုပြီး ပြစ်ဒဏ် သတ်မှတ်တာဟာ ကလေးတေွအတွက် အထိရောက်ဆုံးပါပဲ။ ကလေးကို ဟင်းသီးဟင်းရွက် အတင်းစားခိုင်းတဲ့အခါ ထေွးထုတ်တာ၊ ပါးစပ်ပိတ် ထားတာတို့ ပြုလုပ်ရင် မိဘတေွ အခက်ကြုံရပြီပေါ့။ ဒီတော့ ကလေးနဲ့ရုန်းရင်းဆန်ခတ်မလုပ်ပဲ ဟင်းရွက်ကြော်တစ်ပန်းကန် စားရင် ချောကလက်တစ်ခုပေးမယ်လို့ ကမ်းလှမ်းခြင်းဖြင့် ကလေးကို အနိုင်ရနိုင်ပါတယ်။

၇။ အပြစ်လုပ်တဲ့အခါ ကာကွယ်ပေးခြင်း
-------------------------------------------
ကလေးက အပြစ်တစ်ခုခုလုပ်တဲ့အခါ ကာကွယ်မပေးပဲ သေချာမေးမြန်းပြီးတော့ ဆုံးဖြတ်ပါ။ အဲလိုလုပ်ဖို့ ပျက်ကွက်ပါက ကလေးဟာ မိမိလုပ်တဲ့အပြစ်ကို သူများအပေါ်ပုံချတတ်သူအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံယူရမှာဖြစ်ကြောင်း သင်ကြားပေးပြီးတော့ တကယ်လုပ်မလုပ် စောင့်ကြည့်အကဲခတ်ခြင်းဖြင့် တာဝန်သိတဲ့ကလေး ဖြစ်လာပါလိမ့်မယ်။

၈။ ကလေးကို လက်ဆောင်များ အကြောင်းမဲ့ဝယ်ပေးခြင်း
-------------------------------------------------------------
ကလေးကို ဝယ်ပေးတဲ့အရာဟာ အရေးကြီးသလိုပဲ ဝယ်ပေးရတဲ့အကြောင်းရင်းကလည်း အရေးကြီးပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ ၃ လလောက်ကပဲ ၀ယ်ထားတဲ့စက်ဘီးကို မကြိုက်တော့လို့ စက်ဘီးအသစ်ဝယ်ပေးခြင်းဟာ ကလေးကို အလွန်အမင်းအလိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တခါတလေမှာ ကလေးက လိုချင်တာ ပူဆာလို့မရတဲ့အခါ ငိုပြ သနားအောင်လုပ်ပြလို့ နားညည်းသက်သာအောင် ဝယ်ပေးလိုက်တဲ့အခါမှာ ကလေးက ခဏတာပဲ ပျော်ရွှင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆုလာဘ်မဟုတ်ပဲ ပူဆာခြင်းရဲ့ရလာဒ်ဖြစ်လို့ပါပဲ။

၉။ ပစ္စည်းတေွ ပစ်ပေါက်တာကို မတားမြစ်ခြင်း
---------------------------------------------------
ကလေးက ဒေါသတကြီးနဲ့ဖြစ်စေ အကြောင်းမဲ့့ဖြစ်စေ ပစ္စည်းတေွ ပစ်ပေါက်ပြီး ဆိုးပြတဲ့အခါ ခွင့်မလွှတ်ရပါဘူး။ ဒီအကျင့်ဟာ ကြီးပြင်းတဲ့အခါထိ ပါသွားပြီးတော့ လူမှုအဖွဲ့အစည်းကြား ရှက်စရာ ဖြစ်နေတတ်ပါတယ်။

၁ဝ။ မိဘကိုယ်တိုင်က ဆိုးပြနေခြင်း
----------------------------------------
မိဘဆိုတာ ကလေးရဲ့ စံပြပုံရိပ်ဖြစ်တဲ့အတွက် ကလေးကို တားမြစ်ထားတာတေွကို မိမိကိုယ်တို်င်က မလုပ်မိစေဖို့က အရေးအကြီးဆုံးပါပဲ။ ကလေးရဲ့ရေှ့မှာ ညည်းညူးစိတ်ဆိုးပြတာတေွ၊ အော်ဟစ်ဆူပူပြတာတေွဟာ ကလေးကို နမူနာလုပ်ပြနေသလိုပါပဲ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” လို့ပြောတတ်တဲ့ မိဘမဖြစ်အောင် ဂရုစိုက်ပါ။ မိဘတိုင်းက မိမိကလေးကို လိမ္မာစေချင်တာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကလေးက ဆိုးနေပြီဆိုရင် မိမိတို့ရဲ့ ထိန်းကျောင်းမှုပုံစံကို အမြဲဆန်းစစ်ပြီးတော့ ကလေးထိန်းကျောင်းနည်း စာပေတေွကို အမြဲမပြတ်လေ့လာ ဖတ်ရှုပါ။ ကလေးကို ဒီအတိုင်းလွှတ်မထားပဲ ရေရှည်အတွက် မေှျာ်တေွးကာ အလေ့အကျင့်ကောင်းတေွ ပြုစုပျိုးထောင်ပေးပါလို့ အကြံပြုလိုက်ပါတယ်။
#Ref( Yangon Life -ကလေးမဆိုးအောင် ပြုပြင်ထိန်းသိမ်းနည်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)