• Collagen Fiber တွေ လျော့သွားတဲ့ အတွက်မိန်းမကိုယ်လမ်းကြောင်း လျော့သွားတဲ့ ခံစားချက်ကို ခံစားရသလို မိန်းမကိုယ်မှာရှိတဲ့ ကြွက်သားနဲ့ ထိကပ်နေတဲ့ ဆီးလမ်းကြောင်းရယ်၊ ဆီးအိမ်လည်တံနေရာက အဓိက မိန်းမကိုယ် နံရံနဲ့ ထိကပ်နေတာဆိုတော့ သူတို့ ကိုထောက်ပံ့နေတဲ့ တစ်ရူးတွေကလည်း လျော့ရဲသွားသလို ဖြစ်ပြီးတော့ အမျိုးသမီးတွေအနေနဲ့လည်း ဆီးမထိန်းနိုင်ဘူးဆိုတာကို ခံစားရတယ်။
• အိမ်ထောင်ရေး သုခကို အပြည့် အဝမခံစားရဘူး ဆိုတာ မျိုးဖြစ်လာပါတယ်။
• နောက်တစ်ခုကတော့ ဒီ ကောလက်ဂျင် ဖိုက်ဘာတွေကမှ တဆင့် မိန်းမကိုယ်ရဲ့ နံရံကို ကာကွယ်ထားတာ ဖြစ်တဲ့အတွက်
• သူကနေမှ တဆင့်ထုတ်တဲ့ အရာတွေ နည်းသွားတဲ့ အတွက် မိန်းမကိုယ်က ခြောက်ကပ်နေတတ်ပါတယ်။
• အထူးသဖြင့် နို့တိုက်မိခင်တွေနဲ့ သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ် ခြောက်တာ ဖြစ်တတ်ပါတယ်။
• အဲဒီလို ခြောက်တဲ့အခါ လိင်ဆက်ရင်ပွန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
• အဲဒီလို ဖြစ်ရတာက တော့ ကောလက်ဂျင် တွေရဲ့ စွန်းအားကျပြီး နည်းသွားတဲ့ အတွက် ဖြစ်တာ ဖြစ်ပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ သြဂုတ်ထုတ်တွင် ပါမောက္ခဒေါက်တာ သင်းသင်းအောင်၏ မိန်းမကိုယ်လမ်းကြောင်းရဲ့ သဘာဝဆိုင်ရာများကို ဖြေကြားပေးထားသော အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး