စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ဘေဘီလေးတွေကို သွားလှလှလေးတွေ ပေးရအောင်

Posted by May Thaw Htoo August 26, 2022
Zihpmntyzloa1qydtixt

မေမေတို့ရေ ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို သွားလှလှလေးတွေရရှိစေဖို့ မေမေတို့အားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးကို မွေးဖွားလာကတည်းက ခံတွင်းသန့်ရှင်းရေးစတင်ဆောင်ရွက်ပေးလို့ရနေပါပြီ။ ခံတွင်းသန့်ရှင်းရေးဆောင်ရွက်ပေးဖို့ဆိုရင်တော့ မေမေ့ရဲ့လက်ကိုအရင်ဆုံး သန့်စင်အောင်ဆေးကြောရမယ်နော်။ ပြီးတဲ့အခါ ပိုးသတ်ထားတဲ့ဂွမ်းလေးကို လက်ညှိုးမှာပတ်ပြီး ခံတွင်းမှာရှိတဲ့ ချွဲလေးတွေ၊ နို့ချွဲလေးတွေကိုရှင်းထုတ်ပြီး ထုတ်ပေးသင့်ပါတယ် မေမေတို့ရေ။ ကလေးလေးက ပလုတ်လည်းမကျင်းတတ်သေးတဲ့အတွက် မေမေတို့အနေနဲ့ အခုပြောပြပေးသွားတဲ့ နည်းလမ်းလေးနဲ့ ဦးစွာဆောင်ရွက်ပေးလို့ရနိုင်ပါတယ်နော်။

Atgedulhdl0fkow2kwtf

အဲ့ဒီကမှ ၆ လသားအရွယ်ရောက်ရှိလာပြီဆိုရင်တော့ ကလေးလေးက သွားပေါက်လာတော့မှာပါ။ အဲ့ဒီအချိန်မှာတော့ မိခင်ကိုယ်တိုင်က ရင်သွေးငယ်ရဲ့ခံတွင်းသန့်ရှင်းရေးအတွက် ဂရုစိုက်ပေးဖို့လိုသလို မိခင်နို့ကိုတိုက်ကျွေးပြီးတဲ့အခါမှာလည်း ခံတွင်းကိုသန့်ပြန့်အောင်ထားပေးဖို့ လိုပါတယ်။ နောက်ပြီး ဘေဘီလေးတွေသွားမြန်မြန်ပေါက်အောင် ကိုက်လို့ရတဲ့ Teething Ring လေးတွေကိုအသုံးပြုပေးနိုင်ပါတယ်။ Teething Ring လေးတွေအသုံးပြုရာမှာတော့ မေမေတို့ကအဲ့ဒီပစ္စည်းလေးတွေကို သန့်ရှင်းအောင်ထားပေးဖို့တော့ လိုအပ်ပါတယ်နော်။ ခံတွင်းသန့်ရှင်းရေးဆောင်ရွက်ပေးမှုကတော့ အစပိုင်းမှာ ပြောထားတဲ့ နည်းလမ်းလေးအတိုင်း ဆက်လက်ဆောင်ရွက်နိုင်မှာပါ။

L8oqojdfua8mertmuckx

မေမေတို့ရေ ဘေဘီလေးတွေသွားပိုးမစားဖို့ဆိုရင်လည်း မေမေတို့က ဂရုစိုက်ပေးမှရမှာပါ။ ၆ လအရွယ်ဆိုရင် ဖြည့်စွက်စာတွေလည်း စတင်ကျွေးနေပြီဆိုတော့ ကလေးစားတဲ့ ကစီဓာတ်တွေ၊ နို့တွေ၊ ထမင်းတွေက အချဉ်ပေါက်ပြီး သွားကိုထိခိုက်စေတာမျိုးတွေရှိတတ်လို့ အချဉ်ပေါက်ပြီး သွားပိုးမစားစေဖို့အတွက် ခံတွင်းသန့်ရှင်းရေးကို မေမေတို့က ဂရုစိုက်ပေးရပါမယ်။ ဖြစ်နိုင်ရည်တော့ ဘေဘီလေးတွေကို အရည်ရွှမ်းတဲ့အသီးလေးတွေ (ဥပမာ-လိမ္မော်သီး) စားပေးတာ၊ အသီးအရည်စုပ်ပေးတာမျိုးလေးတွေကိုလည်း လေ့ကျင့်ပေးသင့်ပါတယ်။ အဲ့ဒီအရွယ်ကလေးတွေက အာလုတ်မကျင်းတတ်သေးတဲ့ အရွယ်တွေမို့လို့ အဲ့ဒီလိုမျိုးပြုလုပ်ပေးမယ်ဆိုရင် ဘေဘီလေးတွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အဆင်ပြေစေနိုင်ပါတယ်မေမေတို့ရေ။

Hslwtkbmxi25dle6s87o

O8guczifyepbvaezut6i

မေမေတို့ရေ ဘေဘီလေးတွေရဲ့ သွားလှလှလေးတွေရရှိစေဖို့၊ ခံတွင်းသန့်ရှင်းရေးရှိစေဖို့အတွက် လက်မ စုပ်တာတွေ၊ တစ်ခုခုကို မဆေးကြောဘဲ ကိုက်တာတွေမလုပ်အောင် မေမေတို့က ထိန်းကျောင်းပေးရမယ်နော်။ နောက်ပြီး ဘေဘီလေးတွေ နားလည်တဲ့အရွယ်ရောက်တဲ့အခါမှာလည်း အာလုတ်ကျင်းတတ်အောင် မေမေတို့က သင်ပေးရပါမယ်။ အဲ့ဒီထက်ပိုပြီး နားလည်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ ညတိုင်းသွားတိုက်ပြီး အာလုတ်ကျင်းတတ်အောင်သင်ပေးရမှာဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း ညတိုင်းစားတတ်အောင် မေမေတို့က လေ့ကျင့်ပေးဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ တစ်လတစ်ကြိမ် (ဒါမှမဟုတ်) နှစ်လတစ်ကြိမ်လောက် သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး ဘေဘီလေးတွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်ပါတယ်။

(မေ့ရင်သွေးမဂ္ဂဇင်းပါ ဒေါက်တာဝင်းမာသစ်က သွားလှလှလေးတွေကို ပေးပါမေမေ ဆောင်းပါးမှကောက်နုတ်ချက်)

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.