
သေးခံလောင်ခြင်း (Diaper rash) ဆိုတာက ကလေးငယ်ကို သေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှု ဖြစ်စေတာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာက ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီးတော့ ခပ်နေွးနေွး ဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာလည်း ခံစားရတဲ့ အနေအထားချင်း မတူတတ်ပါဘူး။ တစ်ချို့ကလေးတေွမှာ သေးခံလောင်တဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် တစ်ချို့ကလေးငယ်တေွမှာတော့ သိပ်မပြင်းထန်တာမျိုးလည်း ရှိနိုင်ပါတယ်။

ကလေးက ဘာကြောင့် သေးခံလောင်ရတာလဲ
---------------------------------------------------
စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့ သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတေွက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့သေးခံထဲမှာ ဆီးတေွ ၊ ဝမ်းတေွရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတေွ ပေါက်ဖွားရှင်သန်ရလွယ်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တေွနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တေွမှာ သေးခံလောင်တဲ့ ဝေဒနာကို ပိုခံစားရတာပါပဲ။ ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီးတော့ သေးခံလဲပေးနေတဲ့ မိဘတေွရဲ့ ကလေးငယ်တေွမှာလည်း သေးခံလောင်တဲ့ပြဿနာမျိုး မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတေွကို ဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ အရေပြားကို သေးခံနဲ့ ခဏခဏပွတ်တိုက်မိတာ ၊ သေးခံမှာပါတဲ့ အမေွှးနံ့လိုမျိုး ဓါတုပစ္စည်းတေွ ဒါမှမဟုတ် ကလေးရဲ့အဝတ်အစားတေွကို လေှျာ်တဲ့ဆပ်ပြာမှုန့်တေွလိုမျိုး ဓာတုပစ္စည်းတေွကြောင့် ကလေးရဲ့အရေပြား ဓါတ်မတည့်မှုတေွှဖစ်ရတာပါ။

သေးခံလောင်ခြင်းနဲ့ဆောင်ရန် ၊ ရေှာင်ရန်များ
-------------------------------------------------
၁။ အချိန်အကြာကြီး မထားပါနဲ့
---------------------------------
ကလေးကို ညစ်ပေနေတဲ့သေးခံနဲ့ အချိန်အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတေွှဖစ်စေနိုင်ပြီးတော့ သေးခံလောင်တာကိုပါ ဖြစ်စေနိုင်တာကြောင့်ပါပဲ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်ကတော့ သေးခံညစ်ပေနေတာတေွ တေွ့တိုင်း မြန်နိုင်သမှျ မြန်မြန်လဲပေးဖို့ပါ။

၂။ သေးခံလဲပေးတိုင်း သန့်ရှင်းရေး အမြဲလုပ်ပေးပါ
------------------------------------------------------
ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ကလေးရေချိုးဆပ်ပြာရည်နဲ့ရေကို သုံးပြီးတော့ ဆီးတေွနဲ့ အညစ်အကြေးတေွကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏ ရရှိအောင် ထိန်းညှိပေးပါ။ ကလေးကို သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သေွ့အောင် သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။

၃။ အရေပြားကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတေွ မသုံးပါနဲ့
------------------------------------------------------------
ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတေွ ဖြစ်နိုင်ပါတယ်။ ကလေးမှာ အရေပြားဓာတ်မတည့်တာမျိုး ဖြစ်တဲ့အခါ ကလေးကို အသုံးပြုပေးနေတဲ့ ပစ္စည်းတေွကို သေချာစစ်ဆေးကြည့်ပါ။ အပြင်းစား ဆပ်ပြာတေွနဲ့ အယ်လ်ကိုဟောတေွ (သို့မဟုတ်) ဓာတုပစ္စည်းတေွ ထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတေွကိုလည်း ကလေးငယ်ကို မသုံးပေးပါနဲ့။ မိဘတော်တော်များများက ကလေးငယ်တေွမှာ ဖြစ်တဲ့သေးခံလောင်တာကို လူကြီးတေွမှာ အမျိုးသမီးအင်္ဂါ မှုိပိုးဝင်တဲ့အခါအသုံးပြုတဲ့ ဆေးစာမလိုတဲ့ ဆေးတေွကိုအသုံးပြုလိုက်ရင် သက်သာသွားမယ်လို့ ထင်နေကြပါတယ်။ တစ်ချို့ဆို သေးခံလောင်တဲ့ အရေပြားပွန်းရှဒဏ်ရာတေွပေါ်မှာ ပြောင်းမှုန့်လူးပေးတာမျိုးတောင် ရှိတတ်ပါသေးတယ်။ ဒါတေွက မလုပ်သင့်ပါဘူး။ ကောင်းကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ပိုများပါသေးတယ်။

၄။ Baby Cream သုံးပေးပါ
------------------------------
ဆီးတေွက အရေပြားနဲ့ထိမိပြီးတော့ အရေပြားမှာ ဓါတ်မတည့်တာမျိုးတေွ၊ အဖုအပိမ့်ထွက်တာမျိုးတေွ မဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Johnson’s Baby Cream လိုမျိုးBaby Cream ကို ခပ်ထူထူလေးလိမ်းပေးထားသင့်ပါတယ်။ အသုံးပြုမယ့်Baby Cream ကလည်း သေးခံလဲပေးပြီးတိုင်း လူးပေးလို့အဆင်ပြေစေမယ့် ခပ်ပျော့ပျော့ခရင်မ်ဖြစ်ဖို့တော့ လိုပါတယ်။ ကလေးငယ်ကို သေးခံလဲပေးပြီးတိုင်းBaby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီးတော့ သေးခံလောင်ထားတဲ့ ပွန်းပဲ့ဒဏ်ရာတေွကိုလည်း အနာကျက်စေမှာပဲ ဖြစ်ပါတယ်။ ဒါအပြင် သေးခံလာင်တာက အရေပြားအခြားနေရာတေွကို ပြန့်သွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ ကလေးကို သေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပြီးတော့ ခြောက်သေွ့အောင် လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

၅။ သေးခံလောင်တာကို ဂရုတစိုက် စောင့်ကြည့်ပေးပါ
----------------------------------------------------------
အပေါ်မှာ ပြောခဲ့တဲ့အချက်တေွအားလုံးကို လုပ်ဆောင်နေသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby Cream ကို ဂရုတစိုက် သုံးပေးနေတယ်ဆိုရင်တော့ ကလေးရဲ့အရေပြားမှာ ဖြစ်နေတဲ့ သေးခံလောင်တာက သက်သာသွားသင့်ပါတယ်။ ဒီလိုတေွ ဂရုတစိုက် လုပ်နေပါလျက်နဲ့ ရက်အနည်းငယ် ကြာတာတောင်မှ ကလေးမှာဖြစ်တဲ့ သေးခံလောင်တာက မသက်သာဘဲ ပိုဆိုးလာမယ်၊ နာကျင်မယ် ၊ ပြည်ဖုလေးတေွ ဖြစ်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်ဆီ ချက်ချင်း ခေါ်သွားတာကတော့ အကောင်းဆုံးပါပဲ။
#Ref( Hello - ကလေးသေးခံလောင်ခြင်းနဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)