
တစ်ချို့သော အမျိုးသမီးကိုယ်ဝန်ဆောင်တေွအနေနှင့် ကိုယ်ဝန်လရင့်လာသည်နှင့်အမှျ ယားယံခြင်း၊ မူးဝေခြင်းနှင့် နှာခေါင်းသေွးယိုခြင်းစတဲ့ လက္ခဏာများ ခံစားရတတ်ခြင်း ၊ ကလေးမေွးလာလှျင်လည်း ကလေးအသေမေွးခြင်း ၊ ကလေးတွင်လည်း ရောဂါထူပြောခြင်းစတဲ့ ပြဿနာများ အတေွ့များရသော်လည်း မိခင်တော်တော် များများမှာတော့ မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကို မသိကြပဲ မိမိနှင့် မထိုက်၊ ကလေးကုသိုလ်ကံဟူ၍သာ ကံအပေါ်ပဲ အပြစ်ပုံချလေ့ရှိကြပါတယ်။ အဖြစ်အများဆုံးနှင့် အသိနည်းတဲ့ ပြဿနာတစ်ခုမှာ ကိုယ်ဝန်ဆောင်တဲ့အချိန် သည်းခြေလမ်းကြောင်း ပိတ်ခြင်းဟူသော ရောဂါပဲ ဖြစ်ပါတယ်။ ထိုရောဂါဖြစ်ပွားရခြင်းမှာ ကိုယ်ဝန်ဆောင်တဲ့အချိန်တွင် များလာတဲ့ အမျိုးသမီး ဟော်မုန်းများ၏ အာနိသင်ကြောင့် သည်းခြေရည်များက အစာခြေလမ်းကြောင်းသို့ မရောက်နိုင်တော့ပဲ အဆိုပါရောဂါ ဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်။ သည်းခြေပိုက် ပိတ်ခြင်းကြောင့်ဖြစ်လာတဲ့ ယားယံခြင်းများသည် ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်တဲ့ ယားယံခြင်းများအပေါ်တွင် အဖြစ်အများဆုံးနှင့် ယားယံမှုအတွက် အပြင်းထန်ဆုံးခံစားရနိုင်ကာ ကိုယ်ဝန်ဆောင်ကာလ ၆လခန့်တွင် စတင် ခံစားရနိုင်ပြီးတော့ ကလေးမေွးဖွားပြီး ရက်အနည်းငယ်အတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

သည်းခြေလမ်းကြောင်းပိတ်ရောဂါဆိုတာ ဘာလဲ…?
--------------------------------------------------------
အသည်းမှ ထုတ်ပေးတဲ့ အစာခြေဖျက်ခြင်းအတွက် လိုအပ်သော သည်းခြေရည်များကို သည်းခြေအိတ်များအတွင်း သိုလေှာင်ထားပြီး ၎င်းမှတဆင့် အစာခြေလမ်းကြောင်း အတွင်းသို့ ပြန်လည်ပို့လွှတ်ပေးတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်တွင် များပြားလာတဲ့ Oestrogen, Progesterone စသည့် အမျိုးသမီး ဟော်မုန်းများ၏ အာနိသင်ကြောင့် အသည်းမှ ထွက်သော သည်းခြေရည်များသည် သည်းခြေအိတ်သို့ ပို့လွှတ်နိုင်ခြင်း မရှိတော့ပဲ အသည်းအတွင်းရှိ ဆဲလ်များအတွင်းသို့ ၎င်းသည်းခြေရည်များ များလာပါတယ်။ အဆိုပါ များလာတဲ့ သည်းခြေရည်တေွဟာ အသည်းမှတစ်ဆင့် သေွးအတွင်းသို့ စီးဝင်သွားနိုင်ပြီးတော့ ကိုယ်ဝန်ဆောင်တဲ့အချိန် ယားယံခြင်းနှင့် သန္ဓေသားတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သဖြင့် အောက်ဖေါ်ပြပါ ရောဂါလက္ခဏာများ ခံစားရခြင်းရှိနေရင် နီးစပ်ရာ ဆရာဝန် (သမားတော် (သို့) သားဖွားမီးယပ်) နှင့် အမြန်ဆုံး တိုင်ပင်ပြသကုသမှုခံရမှာပဲ ဖြစ်ပါတယ်။

အသည်းလမ်းကြောင်းပိတ်သည့် လက္ခဏာများ
---------------------------------------------------
အဖြစ်များတဲ့ လက္ခဏာများ
------------------------------
၁။ ယားယံခြင်း (အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးများတွင် ပိုမိုယားယံနိုင်ပြီး ညအချိန်တွင် ပိုဆိုးတတ်သည်)
၂။ ဆီးအရောင်ရင့်ခြင်း
၃။ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း
၄။ ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း
၅။ အလွယ်တကူမောပန်းလွယ်ခြင်း
၆။ အစားစားချင်စိတ်မရှိခြင်း
ရ။ စိတ်ဓာတ်ကျလွယ်ခြင်း
၈။ မျက်စိဝါခြင်း
အဖြစ်နည်းသော်လည်း ဖြစ်နိုင်တဲ့ လက္ခဏာများ
---------------------------------------------------
၁။ အသားဝါခြင်းမအီမသာဖြစ်ခြင်း
၂။ နှာခေါင်းသေွးယိုခြင်း
၃။ သေွးဆင်းတတ်ခြင်း
၄။ ညပိုင်းများတွင် အိပ်မပျော်ခြင်းစသည်တို့ ဖြစ်ပါတယ်။ အထက်ပါ လက္ခဏာများအနက် အဓိကအားဖြင့် ယားယံခြင်းကိုသာ အရင်ဦးစွာ ခံစားရသဖြင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ယားယံခြင်းများကို ပေါ့ဆမနေသင့်ပေ။

ရောဂါဖြစ်ရန် အခွင့်အလမ်းများသူများ
-----------------------------------------
ကိုယ်ဝန်ဆောင်ဦးရေ ၁၀၀၀တွင် အနည်းဆုံးတစ်ဦးအထိ ဖြစ်ပွားနိုင်ပါတယ်။ အများအားဖြင့် အောက်ဖော်ပြပါ ကိုယ်ဝန်ဆောင်များတွင် ပိုမို၍ ဖြစ်ပွားနိုင်တယ်။
၁။ အမြွာကိုယ်ဝန်ဆောင်ထားတဲ့သူများ
၂။ အသည်းရောဂါအခံရှိသူမိခင် (သို့) အစ်မ/ညီမများတွင် အလားတူရောဂါဖြစ်ပွားဖူးသူများ
၃။ ယခင်ကိုယ်ဝန်တွင် အလားတူရောဂါကို ဖြစ်ပွားခံစားဖူးသူများ

ဒါဆို သည်းခြေလမ်းကြောင်းပိတ်ရောဂါကို ကိုယ်ဝန်ဆောင်တေွအနေနဲ့ ဘယ်လိုသိနိုင်မလဲ
-------------------------------------------------------------------------------------------------
သည်းခြေလမ်းကြောင်းပိတ်ခြင်းကို
၁။ ရောဂါရာဇဝင်မေးခြင်း
၂။ လူနာအား ဆရာဝန်မှ စေ့စပ်သေချာစွာ စမ်းသပ်ခြင်း
၃။ သေွးအတွင်းရှိ အသည်းမှထွက်သောအင်ဇိုင်းများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း စသည်တို့ပြုလုပ်ပြီးမှ ရောဂါဖြစ်ပွားတယ် ရောဂါမဖြစ်ပွားဆိုတာကို သိနိုင်ပါတယ်။ ဒါအပြင် Ultrasound ရိုက်၍ စစ်ဆေးခြင်းနည်းနဲ့လည်း အခြားအကြောင်းများကြောင့်ဖြစ်တဲ့ သည်းခြေလမ်းကြောင်းပိတ်ခြင်း ဟုတ်/မဟုတ်ကိုလည်း စစ်ဆေးနိုင်တယ်။ အသည်းအင်ဇိုင်းများကို စစ်ဆေးရာတွင် ပုံမှန်အတိုင်း ဖြစ်နေသော်လည်း ရောဂါမရှိဟု တပ်အပ်မပြောနိုင်သဖြင့် တစ်ပတ်ခြားစီ (သို့မဟုတ်) နှစ်ပတ်ခြားစီကို ကိုယ်ဝန်ဆောင်တေွအနေနဲ့ စစ်ဆေးနေသင့်ပါတယ်။

ကလေးအပေါ်တွင်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
----------------------------------------------------------------
၁။ သန္ဓေသားဖွံ့ဖြိုးမှုနေှးခြင်း
၂။ မေွးဖွားတဲ့ ချိန် မတိုင်ပဲနဲ့ စော၍မေွးခြင်း
၃။ မမေွးဖွားမီ သားအိမ်အတွင်း ကလေးသေဆုံးခြင်းနှင့် ကလေးအသေမေွးခြင်း
၄။ မေွးလာတဲ့ ကလေးတွင်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း စသည်ဖြင့် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သည်းခြေလမ်းကြောင်းပိတ်သော (သို့) သည်းခြေလမ်းကြောင်းပိတ် လက္ခဏာရှိသော ကိုယ်ဝန်ဆောင်များတွင် မိခင်ကော ကလေးကိုပါ ဆရာဝန်ထံတွင် မကြာခဏ စမ်းသတ်စစ်ဆေးမှု ခံယူရန်လိုပြီးတော့ ကလေးအဆုတ် ဖွံ့ဖြိုးတဲ့အချိန်တွင် လိုအပ်သလို စော၍မေွးစေခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပါတယ်။

ဒါဆို ဘယ်လိုကုသမှုခံယူရမလဲ.....?
-----------------------------------------
အဓိကအားဖြင့် မနေနိုင်မထိုင်နိုင်အောင်ဖြစ်သော ယားယံခြင်းကို သက်သာစေရေးအတွက် ကုသရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်တွင် မည်သည့်ဆေးကို မဆို မိမိပြသလျက်ရှိတဲ့ ဆရာဝန်မသိအောင် မသောက်ရန်လည်း လိုပါတယ်။ ယားယံခြင်းကို သက်သာစေရန်အတွက်
၁။ ရေများများ သောက်ပေးခြင်း
၂။ ရေအေးအေးဖြင့် ရေချိုးခြင်း (ရေခဲရေဖြင ့်ရေချိုးခြင်း)
၃။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ စားသုံးခြင်း
၄။ အချိုဓာတ်များတဲ့ အစားအသောက်များ ၊ ပဲနို့နှင့် ပဲထွက်ပစ္စည်းများ၊ အဆီများသော အစားအသောက်များ ရေှာင်ကျဉ်ခြင်း၊
၅။ ယားယံခြင်းကို သက်သာစေတဲ့ (Calamine, Caladryl) လူးဆေးများ လူးပေးခြင်း စသည့် အချက်များကို လိုက်နာခြင်းဖြင့် သည်းခြေလမ်းကြောင်း ပိတ်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းတေွကို ကောင်းကောင်း သက်သာစေနိုင်ပါတယ်။

ဒါအပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသမှုခံယူခြင်း ၊ သေွးတွင်း Bile Acid ကို လျော့နည်းစေတဲ့ ဆေးများ ၊ စတီးရွိုက်ပါတဲ့ သောက်ဆေးများ Vitamin “K” ဆေးဝါးများ ၊ နှစ်ပတ်တစ်ကြိမ် ကိုယ်ဝန်နှင့် သန္ဓေသား၏ အခြေအနေစစ်ဆေးခြင်း ၊ အသည်းအင်ဇိုင်းများ ပုံမှန်စစ်ဆေးခြင်းစတဲ့ အသည်းအားဆေးများကို သောက်သုံးနိုင်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ (Cetrizine, Burmeton ခေါ် ယားယံခြင်းကိုသက်သာစေသည့် Antihistamine ဆေးဝါးများ သုံးစွဲခြင်းဖြင့်လည်း သည်းခြေလမ်းကြောင်း ပိတ်ခြင်းကြောင့်ဖြစ်တဲ့ ယားယံခြင်းကို မသက်သာနိုင်ရုံသာမက ကလေးရော မိခင်ပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်သဖြင့် သုံးစွဲခြင်းကို လုံးဝရေှာင်ကျဉ်ရပါမယ်။) ဆရာဝန်ငယ်များ အနေနှင့်လည်း ကိုယ်ဝန်ဆောင်တဲ့အချိန် သည်းခြေလမ်းကြောင်းပိတ် ဝေဒနာရှင်များအား ကုသမှုပေးရာတွင် အောက်ဖော်ပြပါ အချက်များနှင့် ယှဉ်ထိုး၍လည်း စဉ်စားနိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်တဲ့ ကာလတစ်လျောက် ကျန်းမာရေး (နဂိုရောဂါအခံ ရှိ/မရှိ)၊ လက်ရှိရောဂါအခြေအနေ(တိုးတက်လာခြင်း၊ ပိုဆိုးလာခြင်း)၊ ကုသမှုနှင့်ပတ်သတ်၍ လူနာ၏ ခံနိုင်ရည် (ဆေးဝါးများနှင့် ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ ခံစားနေရခြင်း ရှိ/မရှိ) ၊ ရောဂါအခြေအနေနှင့်ပတ်သတ်၍ မေှျာ်လင့်နိုင်သော အခြေအနေ(ကလေးအားဘယ်အရွယ်တွင် မေွးမည်)၊ လူနာ၏ ထင်မြင်ယူဆချက် ကိုယ်ဝန်ဆောင်တဲ့အချိန်တွင် သည်းခြေလမ်းကြောင်းပိတ်သောရောဂါကို ခံစားဖူးတဲ့ မိခင်များအနေနှင့် နောက်ကိုယ်ဝန်များတွင်လည်း အလားတူရောဂါကို ထပ်မံခံစားရနိုင်သဖြင့် ကိုယ်ဝန်မဆောင်စဉ်ကပင် သားဖွားမီးယပ်ဆရာဝန် (သို့မဟုတ်) သမားတော်နှင့် တိုင်ပင်ပြီးတော့ ညွှန်ကြားတဲ့ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ဆေးဝါးများကို စနစ်တကျလိုက်နာပြီးမှသာ ကိုယ်ဝန်ထပ်မံယူသင့်ကြောင်း အကြံပေးတင်ပြလိုက်ပါတယ်။
#Ref( ဒေါက်တာ စိုးဝင်းလှုိင်- ကိုယ်ဝန်ဆောင်နဲ့ သည်းခြေလမ်းကြောင်းပိတ်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)