စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်လရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူကြပ်လာလေလေ ဖြစ်ရတာ ဘာကြောင့်လဲ

Posted by Kyaw Lin Han November 25, 2019
Xnsxvbejybdmyazd07fg

ဒီလို ဖြစ်လေ့ဖြစ်ထ ရှိတာကို ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေ တော်‌တော်များများက သိကြမှာပါ။ ကိုယ်ဝန်လရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တစ်ချို့သောအရာတွေက ပြောင်းလဲလာလေလေဆိုတာမျိုးကို ကောင်းကောင်း သိကြမယ်လို့ ထင်ပါတယ်။ ကိုယ်အလေးချိန် ၊ မိန်းမကိုယ်ကအဖြူဆင်းတာတွေ ခြေထောက်ဖောရောင်တာတွေအပြင် အသက်ရှူရ ခက်တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တိုင်း မလွဲ့မသွေ တွေ့ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါပဲ။

ဒါဆို ဒီလို အသက်ရှူရခက်တာ ဘာ့ကြောင့်ဖြစ်ရတာလဲ……ပြီးတော့ အရမ်းစိုးရိမ်ရလား?
-----------------------------------------------------------------------------------------------

ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာက တကယ်တော့ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါပဲ။ ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြေး diaphragmကို သွားဖိတဲ့အခါ အသက်ရှူုရခက်သလို ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။ ကိုယ်ဝန်ရင့်လာတဲ့အခါ အသက်ရှူခက်တာ ပုံမှန် ပြဿာနာတစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့် ပြဿနာလေးတွေရှိရင်နေရင်တော့ စိုးရိမ်စရာရှိပါတယ်။ ထိုပြဿနာလေးတွေက ဘာတွေလဲဆိုတော့

Nuzuueuucg8qaplqbqvz

၁။ ပန်းနာရင်ကြပ်ရောဂါကို အစတည်းက ရှိတဲ့သူတွေ
----------------------------------------------------------

ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုပြီးတော့ ဆိုးစေတာကြောင့် ကိုယ်ဝန်လရင့်လို့ ပုံမှန် အသက်ရှူရ ကြပ်တာလား ၊ ပန်းနာရင်ကြပ် ပြန်ထတာလားဆိုတာကို သေချာ ခွဲသိစေဖို့အတွက် ဆရာဝန်ဆီကို သွားပြဖို့ လိုပါတယ်။


N1wx24kcwsmwyeoomela

၂။ သွေးအားနည်းခြင်း
-------------------------

သွေးအားနည်းတယ်လို့ ဆိုတဲ့နေရာမှာ သံဓာတ်ချို့တဲ့ တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရက ခက်တာ၊ နုန်းနေတာ ၊ ခေါင်းကိုက်ပြီးတော့ မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်သွေးအားနည်းနေတာကို သိဖို့ ဆရာဝန်က သွေးတွင်း သံဓာတ် ပမာဏကို စစ်ဆေးမှာဖြစ်ပြီးတော့ နည်းနေတာ သေချာရင် သံဓာတ်ဖြည့် အားဆေးတိုက်မှာပဲ ဖြစ်ပါတယ်။

Icehlaalqbft8hutgarb

၃။ အသက်ရှူလိုက်တိုင်း အောင့်နေတာ ( ဒါမှမဟုတ် ) အဆက်မပြတ်ချောင်းဆိုးတာ
-------------------------------------------------------------------------------------------

အသက်ကို ရှိုက်ရှူလိုက်တဲ့အခါ ရင်ဘတ်က အောင့်သွားတာ၊ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရတာနဲ့ သွေးခုန်နှုန်း မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿာနာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီးတော့ အဖြေရှာ ကုသသင့်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်လရင့်လာတဲအခါ အသက်ရှူရခက်တာက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုတော့ ဘယ်လို သက်သာအောင် နေရမလဲ။ အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေ အတွက်တောင် နေထိုင်ရတာ သက်တောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေအတွက်ဆို အရမ်းပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေ အများကြီးပါပဲ။

Ed2xq1lesqrqqq9put5j

၄။ ကိုယ်ဟန်အနေအထားကို ပြင်ပါ
---------------------------------------

ထိုင်နေရင်ပဲဖြစ်ဖြစ် မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကို မတ်မတ်ထားပါ။ ဒါမှ ရင်ဘတ် ကျယ်သွားသလိုဖြစ်ပြီးတော့ အဆုတ်အလုပ်လုပ်ရတာက ပိုလွယ်ကူစေမှာပါ။

Nirf7fofibgzsm1qkseu

၅။ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပါ
-------------------------------------

ယောဂလိုမျိုး အငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ၊ ကိုယ်ဝန်ဆောင်တွေက လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်း အချုပ်က အသက်ရှူလေ့ကျင့်ခန်းနဲ့ အကြောတွေ ပြေလျော့အောင်လုပ်တာ ဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့ အကြောတွေက ပြေလျော့ပြီးတော့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းက ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာ ဆွေးနွေး တိုင်ပင်ပါ။

Z7rdpzbgfdl1dgmzg4rz

၆။ စိတ်ကို အေးအေးထားပါ
-------------------------------

အသက်ရှူရကြပ်နေလို့ ဆိုပြီးတော့ အရမ်း အစိုးရိမ်မလွန်ပါနဲ့။ ပိုပြီးတော့ စိုးရိမ်လေလေ အသက်ရှူရပိုကြပ်လေလေပဲ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အရင်ဦးဆုံး စိတ်ကို အေးအေးထားပါ။ ပြီးမှ အသက်ကို ဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။ မွေးရမယ့်ရက် နီးလာလေလေ အသက်ရှူရခက်တဲ့ ပြဿနာက တဖြည်းဖြည်းနဲ့ နည်းလာလေလေပဲ ဖြစ်မှာပါ။ မွေးဖွားခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့ အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်တို့အတွက် နေရာပြန်ရသွားပြီးတော့ အသက်ရှူရတာက ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
#Ref( ဟယ်လို - ကိုယ်ဝန်ဆောင်မိခင်များအကြောင်းသိကောင်းစရာများ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.