ပုံမှန်အားဖြင့်ဆိုရင် ကျှန်တော်တို့တေွဟာ တစ်စုံတစ်ခု တစ်စုံတယောက်ကို ကြည့်တဲ့အခါ ကျှန်တော်တို့ရဲ့မျက်စေ့နှစ်လုံးလုံးဟာ လိုက်လျောညီထေွစွာ လိုက်ရေွ့ကြည့်ရပါတယ်။ ဥပမာ - ဘယ်ဘက်မှာရှိတဲ့ အရာဝတ္ထုကိုကြည့်ရင် ဘယ်မျက်စေ့ရော၊ ညာမျက်စေ့ရောဟာ ဘယ်ဘက်ကို ရေွ့လျားသွားကြပါတယ်။ ထို့အတူ ညာဘက်မှာရှိတဲ့ အရာဝတ္ထုကို ကြည့်ရင်လည်း ဘယ်မျက်စေ့ရော၊ ညာမျက်စေ့ရောဟာ ညာဘက်ကို ရေွ့လျားသွားကြပါတယ်။ မျက်စိစေွတယ်ဆိုတာဟာ တစ်စုံတစ်ခု တစ်စုံတယောက်ကို ကြည့်တဲ့အခါ မျက်စေ့နှစ်လုံးမှာ တစ်လုံးကပဲ လိုက်ရေွ့ကြည့်ပြီးတော့ ကျန်တဲ့တစ်လုံးက လိုက်လျောညီထေွ လိုက်မရေွ့ကြည့်နိုင်ဘဲ အပေါ်၊ အောက်၊ အတွင်း၊ အပြင် စတဲ့နေရာတေွမှာ ရောက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကလေးတေွမှာ အဖြစ်များတဲ့ မျက်စိစေွ့ခြင်းဆိုတာက ဘာကြောင့် ဖြစ်တာလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
၁။ မျက်စိတစ်လုံးနဲ့တစ်လုံး အလိုင်းမင့် (alignment) မညီတာပါ။
၂။ မျက်စိစေွတာကို ဆေးပညာအရ squint သို့မဟုတ် strabismus လို့ခေါ်ပါတယ်။
၃။ မျက်စိစေွှခင်းဟာ အသက်အရွယ်မရေွးဖြစ်ပွားနိုင်ပါတယ်။
၄။ ကလေးငယ်လေးတေွမှာ ပိုပြီးတော့ အဖြစ်များတတ်ပါတယ်။
မျက်စိစေွှခင်းဖြစ်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတေွကတော့
-----------------------------------------------------------------
၁။ မျက်စိနှစ်လုံးက မညီတာ
၂။ တစ်စုံတစ်ခု တစ်စုံတရာကို ကြည့်ရင် မျက်လုံးနှစ်လုံးက လိုက်လျောညီထေွမရေွ့ဘဲ ဖြစ်နေတာ
၃။ နှစ်ရိပ်နှစ်ထပ်မြင်တာ
၄။ အမြင်အာရုံလျော့နည်းလာတာ၊ ဝေဝါးလာတာ
၅။ မိမိနဲ့ အရာဝတ္ထုတေွအကြား အကွာအဝေးကို မခန့်မှန်းနိုင်တာ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတေွက အမြဲဖြစ်နေတာမျိုးလည်းရှိနိုင်သလို တစ်ချို့တေွမှာဆိုရင် ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတေွက မိမိကလေးမှာဖြစ်နေပြီဆိုပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီးတော့ မျက်စိစေွှခင်း ဟုတ်မဟုတ် အရင်စမ်းသပ် စစ်ဆေးကြည့်ဖို့ လိုပါတယ်။ စမ်းသပ်စစ်ဆေးကြည့်လို့ မျက်စိစေွှခင်းဖြစ်နေတယ်ဆိုရင်တော့ အချိန်မဆွဲဘဲ ကုသဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိစေွနေပါက တစ်စုံတစ်ခု တစ်စုံတရာကို ကြည့်တဲ့အခါ မျက်စိနှစ်လုံးက လိုက်လျောညီထေွ လိုက်မရေွ့တဲ့အတွက် ဦးနေှာက်က ပုံရိပ်နှစ်မျိုးကို လက်ခံရရှိပါတယ်။ အဲ့ဒီအခါမှာ ဦးနေှာက်အနေနဲ့ ရှုပ်ထေွးသွားကာ ရှုပ်ထေွးမှုကို ကုစားတဲ့အနေနဲ့ လက်ခံရရှိတဲ့ ပုံရိပ်နှစ်မျိုးထဲက အားကောင်းတဲ့ မျက်လုံးဖက်က ပို့တဲ့ပုံရိပ်ကိုပဲ ဦးစားပေးယူပြီးတော့ ကျန်တဲ့ အားနည်းတဲ့ အလိုင်းမင်းမမှန်တဲ့ မျက်လုံးဖက်က ပုံရိပ်ကို လျစ်လျူရှုလိုက်ပါတယ်။
ကြာလာတဲ့အခါ ဦးနေှာက်လျစ်လျူရှုတာခံရတဲ့ အားနည်းတဲ့မျက်လုံးဟာ ပိုအားနည်းလာပြီးတော့ အမြင်အာရုံဖွံ့ဖြိုးမှုနေှးကေွးတာ၊ ကောင်းကောင်းမမြင်ရတော့တာ၊ အမြင်အာရုံချှတ်ယွင်းတာတေွကို ကလေးက ကောင်းကောင်း ခံစားရနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေကို ဆေးပညာအရ Amblyopia သို့မဟုတ် lazy eye လို့ခေါ်ပါတယ်။
မျက်စိစေွှခင်းကိုဖြစ်နိုင်တဲ့အကြောင်းတေွကတော့
၁။ မျိုးရိုးလိုက်တာ
၂။ မေွးရာပါဖြစ်တာ
၃။ မျက်လုံးကြွက်သားတေွအားနည်းတာ သို့မဟုတ် မျက်လုံးကြွက်သားတေွကို ထိန်းချုပ်တဲ့အာရုံကြောတေွမှာ ရောဂါပြဿနာရှိတာ
၄။ မျက်လုံးထိခိုက်ဒဏ်ရာရတာ
၅။ အတွင်းတိမ်၊ ရေတိမ်ရောဂါဖြစ်တာ၊ မျက်လုံးအတွင်း အဖုအကျိတ်တည်တာ
မျက်လုံးမှာ အလင်းချိန်ညှိမှုဆိုင်ရာ ပြဿနာရှိတာ (အဝေးမှုန်၊ အနီးမှုန်) စသဖြင့် အများကြီးရှိပါတယ်။
ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေရယ်၊ ဖြစ်တဲ့အကြောင်းအရင်းပေါ်မူတည်ပြီးတော့ မျက်မှန်တပ်ရတာ၊ မျက်စိတဖက် အုပ်ထားရတာ၊ မျက်စိတိမ်ရှိရင် ဖယ်ရှားရတာ၊ မျက်စိကြွက်သားတေွကို ခွဲစိတ်ကုသရတာ၊ မျက်စိလေ့ကျင့်ခန်းလုပ်ရတာ စသဖြင့် ကုသမှုနည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ ကလေးတေွမှာ မျက်စိစေွှခင်းဖြစ်ရင် အချိန်မဆွဲဘဲ ချက်ချင်းကုသပေးဖို့အတွက် မှာချင်ပါတယ်။ အပေါ်မှာလည်း တစ်ခါပြောခဲ့ပါတယ်။ အချိန်မဆွဲဘဲကုသရင် အရှင်းပျောက်ကင်းနိုင်ကာ ကောင်းမွန်တဲ့ အမြင်အာရုံလည်းရနိုင်ပါတယ်။ အချိန်လွန်မှ ကုသရင်တော့ တစ်ချို့တေွမှာ မျက်လုံးပြန်တည့်သွားသည့်တိုင်အောင် ဘဝတစ်လေှျာက်လုံး ကောင်းမွန်တဲ့ အမြင်အာရုံမရနိုင်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
#Ref( ဒေါက်တာ ကျော်ထက်ယံစိုး - ကလေးငယ်နဲ့ မျက်စိစေွ့ခြင်း ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)