
ကလေးငယ်ဟာ အော်ဂလီဆန်ခြင်းဝေဒနာခံစားနေရရင်တော့ ပထမဆုံးလိုအပ်တာကတော့ သင်ရဲ့ ကြင်နာမှုပါပဲ။ အဲ့အရာကို မဖျက်ဆီးလိုက်ပါနဲ့။ သင်ကိုယ်တိုင် အော်ဂလီဆန်ခြင်း ဝေဒနာခံစားဖူးတာကို သတိရပါ။ ချက်ချင်းကြီးကလေးကို ဆေးတေွအတင်းတိုက်ဖို့မလိုအပ်ပါဘူး။ လွယ်ကူရိုးရှင်းတဲ့ နည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

အနားယူခိုင်းပါ။ ကလေးငယ်အတွက် လိုအပ်တာက အိပ်ယာပေါ်မှာ အော်ဂလီဆန်ခြင်းက ပြန်လည်နလန်ထူဖို့ အချိန် အနည်းငယ်လိုအပ်တာပါပဲ။ ဖက်ခေါင်းအုံးယူပေးပြီးတော့ ကလေးငယ်ကိုလဲလျောင်းနေစေပါ။ကလေးငယ်ဟာ အော်ဂလီဆန်ခြင်းဖြစ်ပွားြ့ပီးနောက် ဖြစ်မည့်ကိစ္စကတော့ အန်တာပါပဲ။ ကလေးငယ်ဟာ အော့အန်ခြင်းဖြစ်ပွားတဲ့အခါ ရေဓာတ်လျော့နည်းမှုဖြစ်ပွားမှာဖြစ်ပါတယ်။ ကလေးငယ်ကို ရေဓာတ်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

ရေဓာတ်ဖြည့်တင်းပေးရမယ်ဆိုပြီး ရေအများအပြားတိုက်စရာလည်း မလိုအပ်ပါဘူး။ ရေအများအပြားသောကခြင်းကလည်း အော်ဂလီဆန်ခြင်းကို ပိုမို ဆိုးဝါးစေပါတယ်။ ထို့အတွက် ကလေးငယ်ကို ရေပမာဏအနည်းငယ်၊ စွတ်ပြုတ်၊ ကဖိန်းဓာတ်မပါ၀င်သော အရည်များတိုက်ပေးသင့်ပါတယ်။

အဖက်ကျေွးခြင်းကို ရေှာင်ကြဉ်သင့်ပါသေးတယ်။ အစာအမာစားခြင်းက အော်ဂလီဆန်ခြင်းကိုပိုမို ဆိုးဝါးစေပါတယ်။ ကလေးငယ်ဟာ နလန်ပြန်ထူစမှာတော့ အစာချေဖျက်ရန် လွယ်ကူတဲ့ ငှက်ပျောသီးကဲ့သို့ အစားအစာမျိုးကျေွးပေးသင့်ပါတယ်။ ဒီနည်းလေးတေွဟာတော့ အခြေခံနည်းလမ်းလေးတေွှဖစ်ပြီး ကလေးငယ်ရဲ့ ခံစားမှုကိုသက်သာစေမှာပါ။ သို့ပေမယ့် ဆရာဝန်နဲ့ ပြသဖို့လည်း မမေ့ပါနဲ့နော်။
MiGi