
ဗိုက်ကြောပြတ်ခြင်းဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အလျင်အမြန် ဝိတ်တက်ခြင်း ၊ ဝိတ်ကျခြင်းများ ၊ ဟော်မုန်း မညီမျှခြင်းများနဲ့ အချို့သော ရောဂါများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအမာရွတ်တေွဟာ သူတို့ဘာသာ သူတို့တော့ အပြီးအပိုင် မပျောက်ကွယ်သွားပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ မေမေတေွ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဗိုက်ကြောပြတ်ခြင်းကို လျင်လျင်မြန်မြန် ပျောက်ကွယ်သွားစေမယ့် သဘာဝ နည်းလမ်းလေးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ ထိုနည်းလမ်းတေွက ဘာတေွလဲဆိုတော့

၁။ ရေများများသောက်ပါ
---------------------------
ရေဓာတ်ပြည့်ဝနေဖို့ဆိုတာ ကိုယ်ဝန်ဆောင်မိခင်အတွက် အရေးကြီးပါတယ်။ ရေအလုံလောက်သောက်မယ်ဆိုရင် အရေပြားက ပျော့ပျောင်းလာပြီးတော့ ပိုပြီး ဆန့်နိုင် ကျုံ့နိုင်လာပါတယ်။ ခြောက်သေွ့သော အရေပြားက အကြောပြတ်ခြင်းကို ဖြစ်စေတဲ့အချိန်မှာ ရေဟာ အရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။ လေ့လာချက်များက တစ်နေ့ကို ရေဖန်ခွက် ၈ခွက် ၉ခွက် လောက် သောက်သင့်တယ်လို့ ဆိုပါတယ်။

၂။ လီမွန်ရည်သောက်ပါ
---------------------------
လီမွန်သီးမှာ တေွ့ရတဲ့ ဗီတာမင်စီဟာ ပရိုတိန်းဓာတ်ကို ဖွံ့ဖြိုးစေပြီးတော့ အရေပြားကို ပိုပြီး ကျုံ့လွယ် ဆန့်လွယ်စေပါတယ်။ လီမွန်ရည်မှာ သဘာဝအက်ဆစ်ဓာတ်ပါရှိပြီးတော့ ၄င်းက ဆဲလ်သေတေွက်ို လျင်လျင်မြန်မြန် ဖယ်ရှားပစ်ပါတယ်။ အကြောပြတ်တေွရဲ့အရောင်ကို ပိုထင်းလာစေပြီးတော့ အမာရွတ်များကို မေှးမှိန်လာစေပါတယ်။

၃။ ရှားစောင်းလက်ပတ်ကို အသုံးပြုပါ
-----------------------------------------
ရှားစောင်းလက်ပတ်ဟာ သဘာဝအရေပြားကုသဆေးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့မြေကြီးက ပေးတဲ့ အကောင်းဆုံး လက်ဆောင်အပင်လည်း ဖြစ်ပါတယ်။ ၄င်းက ပျက်စီးနေသော ဆဲလ်တေွကို ပြန်ပြုပြင်ပေးပြီးတော့ အရေပြားတစ်ရှူးတေွကို် အစားထိုးပေးပါတယ်။ ပရိုတိန်းဓာတ်လည်း ကြွယ်ဝသောကြောင့် အရေပြားကို ပျော့ပျောင်းလာစေပြီးတော့ ဆန့်လွယ် ကျု့ံလွယ်စေပါတယ်။ ရှားစောင်းလက်ပတ်နဲ့ အမာရွတ်နေရာကို ၁၅မိနစ်၂၀မိနစ်လောက် ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနေွးနဲ့ဆေးပါ။

၄။ ကြက်ဆူဆီ
-----------------
ကြက်ဆူဆီဟာ အက်ဆစ်ဓာတ်ပြည့်ဝတာကြောင့် အကြောပြတ်အမာရွတ်တေွကို ကုသရာမှာ ကောင်းကောင်း အထောက်အကူဖြစ်ပါတယ်။ ကြက်ဆူှှဆီမှာ အဆီဓာတ်အက်ဆစ် ပါဝင်ပြီးတော့ အကောင်းဆုံးအစိုဓာတ်ကို ပေးပါတယ်။ အကြောပြတ်ရှိနေတဲ့ အရေပြားကို ကြက်ဆူဆီလိမ်း၍ နိှပ်နယ်ပေးပါ။ ၂၀မိနစ် ၃၀ မိနစ်လောက် ၄င်းနေရာကို ပလပ်စတစ်ဖြင့် အုပ်ထားပေးပါ။ ပြီးရင် ပိုပြီးတော့ ကောင်းမွန်စေရန်အတွက် အရေပြားကို ရေနေွးနဲ့ အပူပေးပါ တစ်ပတ်ကို တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ အုန်းဆီ
-------------
အုန်းဆီမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာလည်း ပျက်စီးနေတဲ့ အရေပြားကို ပြန်ပြုပြင်ပေးပါတယ်။ အကြောပြတ်နေတဲ့ နေရာကို နေ့စဉ်လိမ်းပေးခြင်းအားဖြင့် လျင်လျင်မြန်မြန်နဲ့ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ လုံးဝ မဖယ်ရှားပေးနိုင်ပေမယ့် အနီကွက်နေရာတေွကိုတော့ လျော့ကျစေနိုင်ပါတယ်။ အမာရွတ်နေရာကို အုန်းဆီနဲ့ ၂မိနစ် ၃ မိနစ်လောက် နိှပ်နယ်ပေးပါ။ ပြီးရင် ဆီကို လုံးဝစုပ်ယူသွားသည်အထိ ထိုနေရာကို မဖုံးအုပ်ပဲ ထားပေးပါ။ နေ့တိုင်းပြုလုပ်ပေးပါ။

၆။ ဗီတာမင်အေ
------------------
ဗီတာမင်အေဟာ အစောပိုင်းမှာ အမာရွတ်အကြောပြတ်ရာများကို တက်လာစေပြီးတော့ အရေပြားကို ပိုပြီးတော့ နူးည့ံနုနယ်လာစေပါတယ်။ ဗီတာမင်အေကို အစိမ်းရောင်နဲ့ အဝါရောင်သစ်သီးများ ၊ အသီးအရွက်များ ၊ မုန်လာဥနီ၊ ဥများ ၊ ငါး ၊ နို့ထွက်ပစ္စည်းများနဲ့ အသည်းတို့တွင် ကောင်းကောင်း ရနိုင်ပါတယ်။

၇။ သကြားဖြင့် ပေါင်းတင်ပွတ်တိုက်ကာ အလွှာလိုက် ကွာကျစေခြင်း
--------------------------------------------------------------------------
သကြားက ထိရောက်စွာ အကြောပြတ်ရာနေရာနားမှာ ကျန်ရှိနေတဲ့ ဆဲလ်သေတေွကို အလွှာလိုက် ကွာကျစေပါတယ်။ ပွတ်တိုက်ပေါင်းတင်ခြင်းဟာ သေွးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ ကုသရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ အရင်ဦးဆုံး သကြားခွက်တစ်ဝက်ကို ရေနဲ့ရောပြီးတော့ အနှစ်ဖြစ်အောင် ဖျော်ပါ။ ပြီးရင် အကြောပြတ်နေရာကို ဖြန့်လိမ်းကာ နိှပ်နယ်ပေးပါ။ ပြီးရင် မဖုံးအုပ်ပဲ ၂မိနစ် ၃ မိနစ်လောက် ထားပါ။ ဒါကို တစ်ပတ်မှာ ၂ကြိမ် ၃ ကြိမ်လောက် ပြုလုပ်ပေးပါ။

၈။ အဖြူရောင်ဥ
------------------
အဖြူရောင်ဥ မှာ ပါဝင်တဲ့ ပရိုတိိန်းဓာတ်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်လာပြီးတော့ ကျု့ံလွယ် ဆန့်လွယ်လာစေပါတယ်။ ဥကို ပျစ်ပျစ်ဖျော်ပြီးတော့ အမာရွတ်နေရာကို လိမ်းပါ။ ပြီးရင် ခြောက်သွားသည်အထိ လေသလပ်ခံထားပါ။ ပြီးရင် ရေနေွးနဲ့ ဆေးပါ။ ဒါကို တစ်နေ့မှာ ၂ကြိမ် ၃ကြိမ်လောက် ပြုလုပ်ပေးပါ။
#Ref( Dr. Myo Kyaw - ကိုယ်ဝန်ဆောင်မေမေနဲ့ ဗိုက်ကြောပြတ်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)