
အမျိုးသမီးများထံကို ကိုက်ခဲခြင်း ၊ ကြွက်တက်ခြင်း ၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း ၊ ဝမ်းနည်းခြင်း စတဲ့အရာတေွဟာ တစ်လတစ်ကြိမ်ပုံမှန်ရောက်လာလေ့ရှိပါတယ်။ အဲ့ဒါဟာ အမျိုးသမီးများ ရာသီလာချိန်တိုင်း တေွ့ကြုံခံစားရမယ့် ဝေဒနာတေွပါပဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာပေါ်တဲ့အခြေအနေဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အခြေအနေအားလုံးကို ပြောပြနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတေွမှာ လစဉ် ဓမ္မတာပေါ်တဲ့ကိစ္စဟာ ကျန်းမာရေးအရ အရမ်းကို အရေးပါပါတယ်။

ဒီလိုအချိန်မှာ အမျိုးသမီးတေွအနေနဲ့ မထင်မှတ်ဘဲ ပြုလုပ်မိတဲ့ အမှားအယွင်းလေးတေွ ရှိနေပါတယ်။ ပထမဆုံးအချက်အနေနဲ့ ရာသီလာစဉ် သေွးအရောင်ကို လျစ်လျူရှုထားခြင်းပါပဲ။ ဓမ္မတာပေါ်နေစဉ် ကာလတစ်လေှျာက်လုံးမှာ သေွးအရောင်က အနီရောင်တောက်တောက် ၊ အညိုရောင် ၊ ပန်းရောင် စသဖြင့် အမျိုးမျိုး ပြောင်းလဲနေပါတယ်။ စစချင်း အညိုရောင်မှတစ်ဆင့် တဖြည်းဖြည်း အနီရောင်တောက်တောက်ဘက်ကို ပြောင်းလဲလာပါတယ်။ ဒီလိုအခြေအနေမျိုး မဟုတ်တဲ့အခါမှာ သင့်အနေနဲ့ ကျွမ်းကျင်ဆရာဝန်ထံ သွားရောက်ကာ တိုင်ပင်ဆေွးနေွးသင့်ပါတယ်။

ကိုယ့်ရဲ့ ရာသီလာမယ့်ရက်ကို မသိတာကတော့ ဆိုးရွားတဲ့အခြေအနေတစ်ရပ်လို့ ဆိုရပါမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိမိရဲ့ ရာသီလာရက်ကို မှတ်သားထားမှသာ ဓမ္မတာပေါ်ချိန် စောသလား ၊ နောက်ကျသလားဆိုတာ သိနိုင်မှာပါ။ နောက်ပြီး ရာသီလာနေစဉ်ကာလမှာ လစဉ်သုံးပစ္စည်းတစ်ခုတည်းကိုပဲ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းက အမျိုးသမီးများရဲ့ ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိနေစေဖို့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းကို ၆နာရီခြားတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။ နောက်ပြီးဒီကာလမှာ အယ်လ်ကိုဟော ပါဝင်တဲ့ အရက် ၊ ဝိုင် ၊ ဘီယာ အစရှိတာတေွကို သောက်သုံးမိတဲ့အခါမှာလည်း များစွာသော ဆိုးကျိုးများ သက်ရောက်စေမှာပါ။ ဓမ္မတာလာချိန်မှာ နာကျင်မှုကို ပိုမိုမြင့်မားစေနိုင်တာကြောင့် အရက်သောက်သုံးမယ့်အစား ရေ (သို့မဟုတ်) အခြား ဆေးဖက်ဝင် ဖျော်ရည်တစ်မျိုးမျိုးကို သောက်သုံးဖို့ အကြံြုပုတိုက်တွန်းလိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ ရာသီလာနေချိန်မှာ အကာအကွယ်မပါဘဲ လိင်မဆက်ဆံဖို့ပါပဲ။ ဒီကာလမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ မြောက်များစွာသော ဘက်တီးရီးယားတေွနဲ့ ရောဂါပိုးမွှားတေွက အလွယ်တကူ ကူးစက်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများအနေနဲ့ ဓမ္မတာလာချိန်မှာ အထက်မှာဖော်ပြထားခဲ့တဲ့ အမှားတေွကို ရေှာင်ကြဉ်ပြီး ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ မရှိအောင် နေထိုင်နိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
HYA ( kyarlay )