စျေး မီဒီယာ
အခြား

ဆီးမထိန်းနိုင်တဲ့ဝေဒနာမခံစားရအောင်ဘာတွေလုပ်သင့်လဲ?

Posted by May Thaw Htoo June 21, 2022
Mntgqjni0hcznvvu8mbj

• ရိုးရိုးမွေးတဲ့မိခင်တိုင်းက မိန်းမကိုယ်ကြွက်သားတွေ လျော့ရဲသွားပြီးတော့ ဆီးမထိန်းနိုင်၊ ၀မ်းမထိန်းနိုင်ဖြစ်တယ်လို့ ဆရာဝန်တွေကိုယ်တိုင်က ထင်ထားကြတယ်။

• ဒီလိုမျိုး ဖြစ်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ

• ကိုယ်ဝန်ဆောင်တာကပ်သလို ကိုယ်ဝန်ဆောင်တာ နေ့စေ့လစေ့တောင်မဟုတ်ပါဘူး။ ကိုယ်ဝန် ၅လ၊ အပတ် ၂၀ကျော်ပြီဆိုတာနဲ့ အချင်းကထုတ်တဲ့ဟော်မုန်းတွေကြောင့် ဒီ ကော်လက်ဂျင်ဖိုက်ဘာတွေရဲ့ အရည်အသွေးကို လျှော့နည်းစေတယ်။

• မိန်းမကိုယ်က ကလေးမွေးထားလို့ ကြွက်သားတွေလျော့နည်းတာ မဟုတ်ပေမယ့်လည်း သူတို့မှာ ကော်လက်ဂျင်တွေရဲ့ ဖိုက်ဘာ အရည်အသွေးတွေလျော့နည်းလာလို့လည်း အဲဒီ အမျိုးသမီးတွေဟာ ဆီးမထိန်းနိုင်ဘူးဆိုတာကို ခံစားလာရတယ်။

• မိန်းမကိုယ်ကနေ ကလေးမွေးလိုက်လို့ မိန်းမကိုယ်ကကြွက်သားတွေပျက်စီးသွားလို့ ဆီးမထိန်းနိုင်တာလား။ မဟုတ်ဘူး။ ဒီလိုမဟုတ်ပေမယ့်လည်း ကော်လက်ဂျင်ဖိုက်ဘာတွေရဲ့ အရည်အသွေးလျော့ရဲ လာတဲ့အတွက်ကြောင့် ဆီးမထိန်းနိုင်တာတွေဖြစ်လာရတယ်။
•
• အဲဒီလိုမျိုးတွေ နောက်ပိုင်းမှာ တွေ့လာရပါတယ်။
• ရိုးရိုမွေးတိုင်းလည်း ဆီးမထိန်းနိုင်တာ မဟုတ်ပါဘူး။ ရိုးရိုးမွေးတာ၊ ခွဲမွေးတာ မဆိုင်ပါဘူး။

• ရိုးရိုးမွေးတဲ့အခါမှာလည်း မွေးဖွားချိန်လည်း မကြာဘူး။
• ကလေးကလည်း အရမ်းမကြီးဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ မွေးတဲ့အခါမှာ အဲဒီလို ရိုးရိုးမွေးတိုင်း ဆီးမထိန်းနိုင်တာကို မခံစားရပါဘူး။

• ဘာလို့လဲဆိုတော့ ကိုယ်ဝန်တစ်ခုနှင့်တစ်ခုကြားမှာ လုံလောက်တဲ့သားဆက်ခြားတဲ့ အချိန်ပမာဏကိုယူတယ်။ ပြီးတော့ လေ့ကျင့်ခန်းကိုလုပ်တယ်ဆိုရင် ဒီကိုယ်ဝန်ဆောင်တုန်းက ဖြစ်ထားတဲ့ ကြွက်သားလျော့ရဲတာတွေ၊ ကော်လက်ဂျင် လျော့နည်းတာတွေကို ပြန်ပြီးတော့ပြုပြင်ဖို့ အချိန်ရှိသွားတယ်။

• ကိုယ်ဝန်တစ်ခုနဲ့ တစ်ခုခြား အနည်းဆုံး ၂နှစ်၊ ၃နှစ် လောက်ခြားမယ်ဆိုရင် အမျိုးသမီးတိုင်းက ဆီးမထိန်းနိုင်တဲ့ဝေဒနာ မခံစားရပါဘူး..။


မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ သြဂုတ်လ ထုတ်တွင် မိန်းမကိုယ်လမ်းကြောင်းရဲ့ သဘာဝ ဆိုင်ရာများကို ဖြေကြားပေးထားသော ပါမောက္ခ ဒေါက်တာ သင်းသင်းအောင် ၏ အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.