စျေး မီဒီယာ
မမွေးဖွားမှီ

ဗိုက်ဗိုက်လေးတေွအနေနဲ့ ကျန်းမာတဲ့ ကလေး လိုချင်တယ်ဆိုရင် မဖြစ်မနေ ဝေးဝေးက ရေှာင်ကျဉ်ရမယ့် အစားအစာ (၇) မျိုး

Posted by Zaw Lin Aung December 20, 2019
Ayrsu7nj5dubts4l1wxb

မေမေတေွအနေနဲ့ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အစားအသောက်ကို မှန်မှန်ကန်ကန်စားရတာလည်း တကယ်တော့ မလွယ်တဲ့ကိစ္စတစ်ခုပါပဲ။ တစ်ခါတလေ ကိုယ်က ပုံမှန်အတိုင်းပဲ စားနေပေမယ့် အခန့်မသင့်ရင် မှားရင်မှားနေပြန်တာပဲလေ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်တေွမှာပေါ့။ ဟိုဟာရေှာင်ရ ဒီဟာရေှာင်ရနဲ့ မကြိုက်တာတေွလည်း အာဟာရဖြစ်တယ်ဆို စားရပြန်ကော။ ဒါပေမဲ့ မေမေတေွ မသိသေးတာတစ်ခုက ကလေးလိုချင်တယ်ဆိုတဲ့ အချိန်မှာကတည်းက ရေှာင်ရတဲ့ အစားအစာတေွရှိတယ်ဆိုတာပဲ။ တကယ် အဆန်းကြီးနော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မေမေတေွအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန် ကျန်းမာတဲ့ကလေးလေးကို မေွးဖွားလာအောင် ဘယ်လိုအစားအစာတေွကို မစားသင့်ဘူးလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Lojgnztphxgdoyqmeza0

၁။ ငါးသေတ္တာငါး
--------------------

လူတေွအများစုက ငါးသေတ္တာငါးလို့ ခေါ်ကြတဲ့ တူနာငါးကို ကလေးရဖို့ ကြိုးစားနေသူတေွ အနေနဲ့ အလွန်အကျွံ မစားသင့်ဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် မေမေတေွအနေနဲ့ အများဆုံး စားသင့်တဲ့ ပမာဏက တစ်ပတ်မှာ ၆ အောင်စပါပဲ။ ပုံမှန်အားဖြင့်တော့ တူနာငါးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါးဖြစ်ပေမယ့် သူ့မှာ ပြဒါးဓာတ်တေွ အမြောက်အမြားပါဝင်တာကြောင့် နောင်တစ်ချိန်သန္ဓေတည်လာမယ့် သားလောင်းရဲ့ဦးနေှာက်ဖွံ့ဖြိုးမှုကို ဆိုးရွားစွာ ထိခိုက်နိုင်စေတယ်လို့ ပညာရှင်တေွက ဆိုထားပါတယ်။

Gdpnbgnzqrtcxrrn0p6f

၂။ ဆိုဒါ
-----------

လေ့လာချက်တေွအရ သေွးထဲမှာ သကြားဓာတ်များနေတာကလည်း မျိုးမအောင်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေတာမို့ ဆိုဒါပါတဲ့ အချိုရည်တေွကို မေမေတေွ အနေနဲ့ ဝေးဝေးက ရေှာင်သင့်ပါတယ်။ ရယ်ဒီမိတ်လာတဲ့ အချိုရည်တေွမှာ ဓာတုဗေဒပစ္စည်းတေွ ပါဝင်တာမို့ သကြားဓာတ်မပါရင်ပြီးရောဆိုပြီး diet အချိုရည်မျိုးတေွ သောက်တာမျိုးတောင် အားမပေးပါနဲ့။

Sngiywn8ktbrvipcz3iw

၃။ ဆီကြော်စာတေွ
---------------------

အသင့်စား အာလူးကြော်တေွ ၊ အပြင်စာ ဆီကြော်မုန့်တေွက သေွးပြန်ကြောမတေွကို ပျက်စီးစေပြီးတော့ ခန္ဓာကိုယ်ရဲ့မျိုးပွားတဲ့စနစ်ဆီကို အာဟာရဓာတ်တေွ မရောက်အောင် တားဆီးပေးထားတာမို့ ကလေးလိုချင်တဲ့ စုံတွဲတိုင်း ဆီကြော်တဲ့ အစားအစာတေွကို ဝေးဝေးက ရေှာင်သင့်ပါတယ်။

Geau2hleelgxmitl3wqe

၄။ အဆီမပါတဲ့ နို့ထွက်ပစ္စည်းတေွ
-------------------------------------

မေမေတေွ အနေနဲ့ ကိုယ်ဝန်ရချင်တယ်ဆိုရင် ဝိတ်ကျချင်ဇောနဲ့ အဆီမပါတဲ့ နို့ထွက်ပစ္စည်းတေွကို ရေွးစားတာ ရပ်လိုက်ပါတော့။ တစ်ခုလိုချင်ရင်တော့ တစ်ခုတော့ စွန့်လွှတ်ရမှာပါပဲ။ နွားနို့၊ ဒိန်ချဉ်နဲ့ အခြားနို့ထွက်ပစ္စည်းတေွမှာပါတဲ့ အဆီဓာတ်တေွကို ထုတ်လိုက်တဲ့အခါမှာတော့ androgens လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တေွပဲ ကျန်ခဲ့ပါတော့တယ်။ အဲဒီဟော်မုန်းဓာတ်တေွက မေမေတို့ရဲ့ရာသီစက်ဝန်းကို ကမောက်ကမ ဖြစ်စေတာကြောင့် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးသွားတာမျိုးက ဖြစ်လေ့ ဖြစ်ထရှိတာပါပဲ။

Honl0rgv33fw07hg5tst

၅။ အရက်
------------

အရက်တင် မကပါဘူး။ အယ်လ်ကိုဟောလ်ပါတဲ့ ဝိုင်ဖြူ၊ ဝိုင်နီ၊ ရှန်ပိန်တေွက ခန္ဓာကိုယ်တွင်းက ကိုယ်ဝန်ရနိုင်ခြေများအောင် ကူညီပေးတဲ့ ဗီတာမင်ဘီဓာတ်တေွကို လျော့ကျသွားစေပါတယ်။ တကယ်လို့ ပွဲအခမ်းအနားရှိလို့ မသောက်မဖြစ် သောက်ရမယ်ဆိုရင်တောင် ခါတိုင်းထက်တော့ လေှျာ့သောက်ပါ။ ရေှာင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Vcxgwdwrcdb8tp9is4h2

၆။ Processed food
------------------------

ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဘေကွန်၊ ဝက်ပေါင်ခြောက်၊ ငါးခြောက်၊ စည်သွပ်ဘူးစတဲ့ အစားအစာတေွက processed food တေွပါပဲ။ ဒီလိုအစားအစာတေွက Listeria contamination လို့ခေါ်တဲ့ အစားအစာက တစ်ဆင့် ပြန့်ပွားတဲ့ ဘက်တီးရီးယားရောဂါကို ဖြစ်ပွားစေပါတယ်။

Oegig39jmrvdqvxccryk

၇။ သားစိမ်းငါးစိမ်း
---------------------

သားစိမ်းငါးစိမ်းကို ဘယ်သူကစားလို့လဲလို့တော့ မတေွးစေချင်ပါဘူးနော်။ တစ်ခါတလေမှာ သတိမမူမိပဲ စားမိနေတာတေွလည်း ရှိပါတယ်။ မေမေတေွအနေနဲ့ ဆူရှီကြိုက်ကြတယ် ဟုတ်။ ဒါအပြင် Sashimi တေွ၊ salmon eggs တေွ၊ steak medium rare တေွ၊ ပုစွန်အစိမ်းသုပ်၊ marinated crab (ကဏန်းသားအစိမ်းကို ပဲငံပြာရည်နဲ့ နှပ်ထားတဲ့ စားစရာတစ်မျိုး) ၊ ကြက်ဥမကျက်တကျက်ပြုတ်တေွ အကုန်ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတေွမှာ သန္ဓေသားလောင်းကို ကူးစက်စေတဲ့ ဘက်တီးရီးယားပိုးတေွ အများကြီး ပါဝင်တာကြောင့် အစားမက်တဲ့ မေမေလောင်းတေွအနေနဲ့ ဒါတေွကို ဝေးဝေးက ရေှာင်ရပါတော့မယ်။ ဒါအပြင် မေမေတစ်ယောက်ဖြစ်ချင်ရင် ရေှာင်ရမှာတေွက မနည်းမနောပါပဲ။ စားချင်တာတေွ မစားရ၊ နေချင်သလိုလည်း မနေရနဲ့ အရမ်းစိတ်ညစ်ရတာကတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း မေမေတေွအနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးလေး မျက်နှာကို မြင်လိုက်ရရင် ဒါတေွအကုန် ရေှာင်ရကျိုး နပ်ပါတယ်နော်။ အားလုံးပဲ ကျန်းမာတဲ့ကလေးလေးတေွကို ပိုင်ဆိုင်နိုင်ကြပါစေ။
#Ref( Stella - ကိုယ်ဝန်ဆောင်မေမေနဲ့ အစားအစာဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.