ကလေးတွေမှာ မက်ခရုပေါက်လာခဲ့ရင် ဖေဖေမေမေတို့ စိုးရိမ်တတ်ကြပါတယ်။ မက်ခရု ဘယ်နေရာမှာ ပေါက်တာလဲ။ ပါးစပ်၊ အာခေါင်၊ လျှာ၊ နှုတ်ခမ်းမှာပေါက်ရင် လိမ်းဆေးကတစ်မျိုး၊ အရေပြားမှာပေါက်ရင် လိမ်းဆေးကတစ်မျိုးပါ။ ပါးစပ်အတွင်းမှာ ပေါက်ရင်တော့ Dark train Oral Gel ဆိုတာ လိမ်းပေးလို့ရပါတယ်။ ခရမ်းပြာလိမ်းဆေးလည်း လိမ်းလို့ရပါတယ်။ အာခေါင်၊ လျှာ၊ ခံတွင်းတွေကို သန့်အောင်ထားရပါမယ်။ အရေးပြားလိမ်းဆေးက Nystatin အရေပြားလိမ်းဆေး သပ်သပ်ရှိပါတယ်။ သောက်ဆေးကတော့ ဆရာဝန်ညွန်ကြားမှ တိုက်ရပါမယ်။
Ref : မေ့ရင်သွေး မဂ္ဂဇင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး