သားအိမ်မှာ ခွဲကြောင်းတစ်ခါ ရှိပြီးရင် အမြဲထပ်ခွဲရမယ်လို့တော့ မဟုတ်ပါဘူး။ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ရိုးရိုးပြန်ကြိုးစားလို့ရပါတယ်။ ၄ ယောက်ကြိုးစားရင် ၃ ယောက်အောင်မြင်နိုင်ပါတယ်။ ရိုးရိုးမွေးရင် အကန့်အသတ်မရှိပါဘူး။ ထပ်ခွဲရင်တော့ ခွဲကြောင်း ၂ ခါရှိပြီးရင် နောက်ထပ်တစ်ခါ ထပ်ခွဲနိုင်ပါတယ်။ ၃ ခါခွဲပြီးရင်တော့ သားအိမ်ကွဲဖို့ အန္တရာယ်ရှိတဲ့အတွက် မြန်မာနိုင်ငံမှာတော့ ခွင့်မပြုပါဘူး။ သားကြောဖြတ်ရပါတယ်။ တစ်ခါတစ်ရံ ၄ ကြိမ်မြောက် ခွဲတာတွေရှိပါတယ်။ အထူးဂရုစိုက်ရပါမယ်။ ပုံမှန်တော့ ၂ နှစ်ခြားပြီး မွေးသင့်ပါတယ်။
Ref : မေ့ရင်သွေး မဂ္ဂဇင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး