ကိုယ်ဝန်လရင့်လာတာနဲ့အမျှ မွေးဖွားတဲ့အခါ ကျန်းမာအားရှိဖို့ ပိုဂရုစိုက်လာရပါတယ်။ ခန္ဓာကိုယ်ရဲ့ အားအင်ပြည့်ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုက အနားယူအိပ်စက်ခြင်းပါပဲ။ ကိုယ်ဝန် ၅ လအရွယ်လောက်ရှိလာချိန်မှာ အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်လာပါတယ်။ ညဘက်အိပ်မပျော်ဘူးဆိုတဲ့ မေမေတို့ကတော့ ဒီလိုအပြုအမူနဲ့ အလေ့အကျင့်လေးတွေကို ပြောင်းလဲသင့်ပါတယ်။ အစားကို နည်းနည်းနဲ့ ခဏခဏစားပေးရပါမယ်။ မျက်လုံးကြောင်စေတဲ့ အစားအစာတွေ ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်တို့ကိုတော့ ရှောင်သင့်ပါတယ်။ ညဘက် အိပ်ခါနီး ဖုန်းအသုံးပြုခြင်းကို ရှောင်ပါ။ စိတ်ဖိစီးမှုတွေရှိနေရင်လည်း လျော့ချပစ်ဖို့ ကြိုးစားပါ။ စိတ်တည်ငြိမ်အောင် ပုတီးစိပ်ခြင်း၊ တရားမှတ်ခြင်းတို့ကို လုပ်ပါ။ အခုလိုအပြုအမူလေးတွေကို ရှောင်ကြဉ်ကြည့်လိုက်လို့ မရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
Ref : မေ့ရင်သွေးမဂ္ဂဇင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး