ကလေး ၃ လအရွယ်ကတော့ မိခင်နို့တစ်မျိုးတည်း သောက်ရမယ့်အရွယ်ပါ။ မိခင်နို့မသောက်တော့ဘူး။ လှျာနဲ့နို့ကို တွန်းထုတ်တယ်။ ခေါင်းခါရမ်းနေတယ်ဆိုရင် သတိထားရမှာက ကလေး နှာခေါင်းပိတ်နေလား ပြန်ကြည့်ရမယ်။ နှာခေါင်းပိတ်ရင် နို့စို့ရင် ပါးစပ်ပါပိတ်သွားတော့ အသက်ရှူမရတော့လို့ နို့ကိုခါထုတ်တတ်တယ်။ နှာခေါင်းပိတ်နေရင် ကလေးက ပါးစပ်နဲ့ အသက်ရှူနေရလို့ ပါးစပ်ပါပိတ်ရင် အသက်ရှူမရတော့လို့ နို့ကို ခါထုတ်တတ်တယ်။ အဲဒီအခါ နို့ကို ညှစ်ပြီး ဇွန်းနဲ့တိုက်လို့ရတယ်။ နှာခေါင်းသန့်ရှင်းရေး လုပ်ပေးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နို့မဖြတ်လိုက်ပါနဲ့။ နှာရည်မကျပေမယ့် နှာချေးနဲ့ နှာခေါင်း ပိတ်နေတတ်ပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း (ဒေါက်တာ အိအိခင် (ကလေး)၏ နို့တိုက်မိခင်သိသင့်သော အာဟာရပြဿနာများ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။)