မေမေတို့ရေ သားသားမီးမီးလေးတွေနဲ့ မိသားစုဘဝပျော်ရွှင်စရာကောင်းတာအမှန်ပါပဲနော်။ ဒါပေမယ့်လည်း သားသမီးအရမ်းနီးလွန်းတဲ့အခါမှာ မေမေ၊ ဖေဖေတို့ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ထိခိုက်တတ်တာမျိုးလည်း ဖြစ်ပေါ်တတ်ပါတယ်။ စီးပွားရေးအရ၊ လူမှုရေးအရရော၊ မိသားစုရဲ့ပျော်ရွှင်မှုကိုပါ ထိခိုက်လာနိုင်တာမျိုးတွေရှိတတ်လို့ ဖေဖေ၊ မေမေတို့က သားဆက်ခြားကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါသေးတယ်နော်။ အဲ့ဒါကြောင့်လည်းသားဆက်ခြားနည်းလမ်းတွေထဲကမှ သုံးလခံသားဆက်ခြားထိုးဆေးလေးအကြောင်းကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်နော်။
မေမေတို့ရေ သားဆက်ခြားဆေးတွေမှာတော့ သူ့ရဲ့အကျိုးသက်ရောက်မှုလေးတေွတော့ရှိတတ်ပါတယ်နော်။ မူးမော်တာမျိုး၊ ရာသီမပေါ်ဘဲထိန်သွားတာမျိုး၊ ရာသီတစ်စက်စက်နဲ့နေ့တိုင်းလာနေတာမျိုးတွေပေါ့။ နောက်ပြီးဒီသုံးလခံသားဆက်ခြားဆေးကတော့ မေမေတို့ရဲ့ကိုယ်အလေးချိန်ကို တိုးလာနိုင်ပါတယ််နော်။ အဲ့ဒါကြောင့် အရမ်းဝတဲ့မေမေတွေ၊ အသည်းရောင်အသားဝါရောဂါရှိသူတွေ ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါရှိသူတွေ၊ ကလေးခြောက်ပတ်အောက်နို့တိုက်မိခင်တွေ ကိုယ်ဝန်ရှိနေတယ်လို့ သံသသယရှိနေတဲ့သူတွေ၊ ပုံမှန်မဟုတ်ဘဲသွေးဆင်းသူတွေ၊ အခြားရောဂါတွေရှိလို့ ဆရာဝန်က တားမြစ်ထားတဲ့သူတွေတော့ မသောက်သင့်ပါဘူးနော်။ ဆေးထိုးပြီးချိန်မှာ ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေကို အလွန်အမင်းခံစားရပြီဆိုရင်တော့ မေမေတို့က ဆရာဝန်နဲ့ပြသသင့်ပါတယ်နော်။
မေမေတို့ရေ အရာရာတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေဆိုတာတော့ ရှိစမြဲပဲမဟုတ်လား။ အဲ့ဒါကြောင့်ဒီသုံးလခံသားဆက်ခြားဆေးမှာအားနည်းချက်တွေရှိသူလို မေမေတို့အတွက် သုံးလမှတစ်ခါထိုးရတာဖြစ်လို့ အလုပ်ရှုပ်သက်သာတာ၊ နေ့စဉ်သတိထားပြီး ဆေးသောက်နေဖို့မလိုတော့တာ၊ နို့ထွက်မထိခိုက်တာတွေကြောင့်လည်း မေမေတို့အတွက် အဆင်ပြေစေနိုင်မှာပါ။ မေမေတို့အားလုံးက ဆေးမထိုးမီမှာတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်မှာရှိတဲ့ ရောဂါလက္ခဏာတွေကို သေချာရှင်းလင်းပြောကြားပြီးမှသာ ဆရာဝန်လမ်းညွှန်ချက်နဲ့ ဆေးထိုး၊ ဆေးသောက်သင့်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး