စျေး မီဒီယာ
အခြား

ကလေးသွားပိုးစားခြင်းက ဘယ်အခြေအနေကို အဆိုးဆုံးလို့ ပြောမလဲ??

Posted by May Thaw Htoo September 7, 2022
Szfa8vf3fztx2rgbdcl6

သွားပိုးစားတာဟာ အမှန်က ပိုးကောင်က စားတာ မဟုတ်ဘူး ကိုယ်သောက်လိုက်တဲ့နို့တို့၊ ထမင်းတို့ကနေ ကစီဓါတ်တွေကနေ တံတွေးနဲ့ ထိပြီး အချဉ်ပေါက်ရာကနေ လက်တစ်အက်ဆစ် (Lactic Acid) က စားသွားသလိုမျိုး ဖြစ်ပါတယ်။

အပေါ်မှာ (Enamel) ဆိုတဲ့ ကြွေသွားလွှာ ပါ။ နောက် (Dentine) ပါ။ (Dentine) ဆိုတဲ့ ဆင်စွယ်နှစ်လွှာကို ရောက်တော့ ပထမ ပိုင်း ဆင်စွယ်နှစ်လွှာမှာ ကိစ္စမရှိဘူး။ အောက်ပိုင်း ဆင်စွယ်နှစ်လွှာကို ရောက်တော့ အကြောနဲ့နီးလာတယ်။

နောက်ဆုံးကြတော့ Pulpလို့ခေါ်တဲ့ မွသွားလွှာပေါ့။ မွသွားလွှာ ကတော့ အရေးကြီးပါတယ်။ မွသွားလွှာ က အာရုံခံစားတဲ့သွေးကြောတွေ ရှိလို့ပါ။ အာရုံခံစားတဲ့ အပိုင်းကို ထိသွားပြီး ကလေးက ကျင်တယ် ကိုက်တယ်တွေဖြစ်လာတယ်။

ဒါကိုမှ မိဘက ပစ်ထားမယ်ဆိုရင် အာရုံခံစားတဲ့ မွသွားလွှာလေးကို ထိသွားပြီး ကလေးလးက နို့ကောင်းကောင်းမစို့၊ အစာကောင်းကောင်းမစား ပဲ မိခင်ကို ဒုက္ခပေးလာပြီး မိခင်မနားရတော့ဘူး။ နောက်ဆုံးဆေးသောက်လို့ ပျောက်သွားမယ်ဆိုရင်တောင် ကုသမှု အစစ် မဟုတ်တော့ဘူး။ သွားကိုက်မှ နှုတ်ရမယ်ဆိုရင် ကလေးအနေနဲ့ နာတဲ့အခါ သွားဆရာဝန်ဆီ ကို မသွားချင်တော့ဘူး။

ဒါကြောင့် သွားတိုက်ဆေးကို ကလေးတွေ ကြိုက်တဲ့ ပီကေနံ့ (ဥပမာ- စတော်ပယ်ရီလို ) အနံ့ လေးတွေနဲ့ သွားတိုက်ဆေး ကိုသုံးပေးရပါမယ်။ သွားတိုက်တံကိုလည်း ကလေးတွေ တိုက်ချင်လာအောင် ကလေးတွေ စိတ်ဝင်စားတဲ့ အရုပ်ကလေးတွေနဲ့ သွားတိုက်တံလေးတွေသုံးပေးရမယ်။ သွားနှင့်ခံတွင်းဟာ ကလေးအရွယ်တွင်ပါမက လူကြီးဖြစ်သွားတဲ့အထိ အရေးကြီးပါတယ်။

Ref : မေ့ရင်သွေး မဂ္ဂဇင်း

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.