စျေး မီဒီယာ
အခြား

ကလေးတေွ တော်တော်များများမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

Posted by Zaw Lin Aung January 31, 2020
Sybswapy8kaulnjwl8qk

ကလေးတေွရဲ့ အရေပြားမှာ အနီစက်လေးတေွ ၊ အဖုလေးတေွ ဖြစ်နေတာကို မြင်ဖူးကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကလေးတေွမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတေွရဲ့ လက္ခဏာတေွပါပဲ။ အများစုကိုတော့ ထိထိရောက်ရောက် ကုသလို့ ရပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတေွမှာ အဖြစ်များတဲ့ အရေပြားရောဂါတေွ အကြောင်းကို သင် ကောင်းကောင်း သိလာမှာပါ။ ထိုရောဂါတေွကတော့

Xiiqn8rjhnxp0ulroaan

၁။ ရေကျောက်
-----------------

ရေကျောက်ရောဂါဆိုတာက အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကလေးအများစုဟာ တစ်ချိန်ချိန်မှာတော့ ရေကျောက် ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကျောက်ဟာ မျက်နှာ၊နားနဲ့ ရင်ဘတ်တေွပေါ်မှာ အနီရောင် အစက်လေးတေွ အနေနဲ့ စတင်ပေါ်လာပြီးတော့ ဒီအနီစက်လေးတေွဟာ အရည်ကြည်ဖုလေးတေွအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ တကယ်လို့ အရည်ကြည်ဖုလေးတေွ ပေါက်သွားရင်တော့ အဖတ်လေးတေွ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေတဲ့ ကလေးတေွအနေနဲ့ ရေကျောက်ပေါက်ရင်တော့ စိုးရိမ်စရာ မလိုပါဘူး။ သင့်ကလေး ရေကျောက်တစ်ခါ ပေါက်ပြီးရင် သူတို့အနေနဲ့ ဒီရောဂါအတွက် ကိုယ်ခံအားရရှိပြီးသား ဖြစ်သွားလို့ နောက်တစ်ခါ ထပ်မဖြစ်တော့ပါဘူး။ ရေကျောက်ကို အိမ်မှာပဲ ကုသလို့ရပါတယ်။ ဒီလို ကုသပေးမယ်ဆိုရင် အဖျားတက်တာ ၊ ယားယံတာစတဲ့ လက္ခဏာတေွကို တဖြည်းဖြည်းနဲ့ သက်သာလာစေပါတယ်။ ဒါအပြင် ရေကျောက်ရောဂါကို ကာကွယ်ဆေးထိုးပြီးတော့ ကာကွယ်လို့ ရပါသေးတယ်။ ဆရာဝန် ညွှန်ကြားချက် မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတေွှဖစ်တဲ့ calamine လိမ်းဆေး ၊ ပါရာစီတမော နဲ့ ဂျဲလ်အေးအေးလေးစတာတေွကို ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။

U1khp50nqc5clgrdtqza

၂။ ပေွးပေါက်ခြင်း
--------------------------

ပေွးဟာ ringworm လို့ခေါ်တဲ့ fungus မှုိတစ်မျိုးကြောင့် ဖြစ်တာပါ။ ဒီfungus မှုိဟာ သင့်အရေပြား ဆဲလ်အသေတေွထဲ ၊ ဆံပင်ထဲနဲ့ လက်သည်းတေွ ကြားထဲမှာ ရှိနေတတ်ပါတယ်။ တကယ်လို့ သင့်ကလေးသာ ပေွးပေါက်ပြီဆိုရင်တော့ အရေပြားပေါ်မှာ အနီရောင်အဝိုင်းပုံစံ အကွက်လေးတေွကို မြင်ရပါလိမ့်မယ်။ ပေွးပေါက်တဲ့ အရေပြားနေရာမှာ ယားတာ ၊ ရောင်ရမ်းတာ နဲ့ နာကျင်တာတေွ ဖြစ်လာပါလိမ့်မယ်။ လက်မောင်း ၊ ခြေထောက် ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပေွးပေါက်နိုင်ပါတယ်။ ခေါင်းမှာ တကယ်လို့ ပေွးပေါက်ရင် ဆံပင်တေွ ကျှတ်လာပါလိမ့်မယ်။ ပေွးပေါက်နေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန် နဲ့ အသားချင်းထိတေွ့တာကနေ ပေွးကူးနိုင်သလို မျက်နှာသုတ်ပုဝါတို့ သဘက်တို့ မှျသုံးရင်လည်း ကူးနိုင်ပါတယ်။ တကယ်လို့ ပေွးပေါက်ရင် antifungal လို့ ခေါ်တဲ့ ဆေးတေွ ပေးရပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဆံပင်တေွပါ ကျှတ်နေတယ်ဆိုရင် antifungal ခေါင်းလေှျာ်ရည်နဲ့ လေှျာ်ဖို့ပါ လိုပါလိမ့်မယ်။

Upmmhzvrgsc1xlniyflx

၃။ C ontact dermatitis
----------------------------

Contact dermatitis ဆိုတာက သင့်အရေပြားနဲ့ မတည့်တဲ့ အရာတစ်ခုခု ဒါမှမဟုတ် ဓါတုဗေဒ ပစ္စည်းတစ်ခုခုနဲ့ ထိတေွ့တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အရေပြားပြဿနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကို ထိခိုက်စေပြီး ဓါတ်မတည့်ခြင်းတေွကိုလည်း ဖြစ်ပွားစေပါတယ်။ ဆပ်ပြာ ၊ လိုးရှင်း ၊ ရေမေွှး ၊ သတ္တုတမျိုးမျိုး၊latex ရာဘာ၊အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတေွကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတေွက ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင်တော့ နာကျင်တာ၊နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတေွထွက်နေတာ ဒါမှမဟုတ် သေွးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတေွ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတေွ အဆိုးဆုံး ဖြစ်နေမှာပါ။ ရောဂါ အတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။ သင့်ကလေးရဲ့ ရောဂါအခြေအနေ၊အသက်နဲ့ တခြားကျန်းမာရေးအနေအထားတေွပေါ် မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။ အများအားဖြင့် ပြုလုပ်လေ့ရှိတဲ့ ကုသမှုတေွက အရေပြားကို ဆေးကြောသန့်စင်တာ၊ရောင်ရမ်းတာအပါအဝင် ရောဂါလက္ခဏာတေွကို သက်သာစေဖို့အတွက် စိုစွတ်တဲ့ အဝတ်စနဲ့ ပတ်ထားတာ၊ယားယံတာ သက်သာစေဖို့ အရေပြားကို ခရင်မ် ဒါမှမဟုတ် ဆေးရည်တေွ လိမ်းပေးတာနဲ့ သောက်ဆေးတေွ ပေးတာတို့ပဲ ဖြစ်ကြပါတယ်။

W40w32su5lcmaxm0nyzw

၄။ ခြေ-လက်-ပါးစပ်တို့မှာ ဖြစ်တတ်တဲ့ အရေပြားရောဂါ
---------------------------------------------------------

သူ့ကို ဘာလို့ ဒီလိုခေါ်တာလဲဆိုတော့ ဒီရောဂါရပြီဆိုရင် ပါးစပ်မှာ အနာတေွပေါက်လာပြီးတော့ လက်ဖဝါးနဲ့ ခြေဖဝါးတေွမှာ အစက်တေွ ထွက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါအပြင် တင်ပါးနဲ့ ခြေထောက်တို့မှာ အရည်ကြည်ဖုတေွကိုလည်း မြင်နိုင်ပါသေးတယ်။ ဒီရောဂါဟာ တကယ်တော့ ကလေးတေွမှာ အများဆုံး ဖြစ်လေ့ရှိပြီးတော့ ရောဂါကူးစက်ခံနေရသူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် အရည်ကြည်ဖုတေွကနေ ထွက်တဲ့ အရည်တေွကို ကိုင်တွယ်မိရာကနေလည်း ရောဂါကူးစက်ရနိုင်ပါတယ်။ ဒီရောဂါကို ကုသစရာ နည်းလမ်အထေွအထူး မရှိပါဘူး။ လုံးဝကောင်းသွားတဲ့ အချိန်အထိ ကလေးကို ကျောင်း မသွားခိုင်းပါနဲ့။ တကယ်လို့ သင့်ကလေးကိုယ်ခံအားကောင်းတယ်ဆိုရင်တော့ ၁၀ရက်အတွင်း ရောဂါပျောက်သွားပါလိမ့်မယ်။ အိမ်တွင်း ကုသမှုအဖြစ် အလွယ်တကူဝယ်လို့ရတဲ့ ဆေးတေွှဖစ်တဲ့ ပါရာစီတမော ဒါမှမဟုတ် ibuprofen တို့ကို တိုက်လို့ရပြီးတော့ အရည်များများ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။

Hhidwb63nayyhywq8gmi

၅။ နှင်းခူ
------------

နှင်းခူဟာ တကယ်တော့ နာတာရှည်အရေပြား ရောဂါတစ်မျိုးပါပဲ။ နှင်းခူဖြစ်ရင် ကလေးတေွရဲ့ အရေပြားဟာ နီရဲခြောက်သေွ့လာမယ်၊ ယားယံလာမယ် စတဲ့ လက္ခဏာတေွကို တေွ့မြင်ရမှာပါ။ အများဆုံးဖြစ်တတ်တဲ့ နှင်းခူကတော့ ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ atopic eczemaပဲ ဖြစ်ပါတယ်။ ဒီနှင်းခူအမျိုးအစားဟာ သင့်ကလေး အသက်ကြီးလာတဲ့အထိ ဆက်ဖြစ်နေဦးမှာပါ။ ကြာလာတဲ့အခါ တချို့ကလေးတေွရဲ့ နှင်းခူမှာ ပိုးပါဝင်လာတတ်ပါတယ်။ နှင်းခူ ဘာလို့ဖြစ်ရတယ်ဆိုတာ အတိအကျမသိရပေမယ့် လေ့လာချက်တေွအရတော့ ဓါတ်မတည့်တာကြောင့်လည်း အဓိကဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တာတေွကတော့ ကလေးတေွမှာ အဖြစ်အများဆုံး အရေပြားရောဂါ ( ၅ ) မျိုးပဲ ဖြစ်ပါတယ်။ ဒီပြဿနာတေွ အကြောင်းသိထားမယ်ဆိုရင်တော့ သင့်ကလေးမှာ ဒါတေွ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာပါ။
#Ref( ဟယ်လို - ကလေးငယ်နဲ့အရေပြားပြဿနာများ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.