
ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအတွက် ထိခိုက်စေတယ်ဆိုတာကို အားလုံးက သိထားကြပါတယ်။ဒါပေမယ့် ဘယ်သူမှ လွယ်ကူစွာ မဖြတ်နိုင်ကြပါဘူး။ ဒါဟာ ကိုယ့်အတွက်လည်း မကောင်းသလို ဆေးလိပ်အနံ့ရှုမိတဲ့ သူတေွအတွက်လည်း ရောဂါဖြစ်စေပါတယ်။ အဲဒါကြောင့် ဆေးလိပ်ဖြတ်ချင်ပေမယ့် မဖြတ်နိုင်ပဲ ခံနိုင်ရည်မရှိ ပြန်သောက်မိနေမှာ စိုးတဲ့သူတေွအတွက် နည်းလမ်းကောင်းလေးတေွကို အခုလိုပဲ ပြောပြပေးချင်ပါတယ်။ထို နည်းလမ်းကောင်းတေွကတော့

၁။ ဆေးလိပ်ပြတ်ရမယ်ဆိုတဲ့ စိတ်ထားပါ
-----------------------------------------
စိတ်ထဲမှာ ဆေးလိပ်ပြတ်ရမယ်ဆိုတဲ့ စိတ်စွဲထားမှသာ ဆေးလိပ်ကို အမြန်ဆုံးဖြတ်နိုင်မှာပါ။ ပြတ်ချင်တဲ့အချိန်ပြတ်ဆိုရင်တော့ ခဏခဏ သောက်မိနေမှာ အသေအချာပါပဲ။ ကိုယ့်စိတ်ကို ပြင်ဆင်ပြီးမှသာ စတာ အကောင်းဆုံးပါပဲ။ တစ်နေ့ကိုဆေးလိပ်၂ဘူးကုန်အောင်သောက်တဲ့သူဆိုရင်တော့ တစ်ဘူးပဲဝယ်ထားပြီး အောက်က နည်းလမ်းတေွအတိုင်း ထိန်းချုပ်ပြီး သောက်ပါ။

၂။ သင့်အိမ် ၊ အခန်းကို ရှင်းပါ
--------------------------------------
အခန်းကို သန့်ရှင်းရေးလုပ်ပါ။ ဆေးလိပ်တိုတေွ ဆေးလိပ်မှုန့်တေွကို ရှင်းလင်းပြီးတော့ အခန်းကို မေွှးပျံ့နေအောင် ထားပါ။ ဆေးလိပ်နံ့စွဲနေတဲ့ အိပ်ရာခင်း၊စောင်တေွကို လျေှာ်ပါ။ သန့်ရှင်းမေွှးပျံ့နေတဲ့အခန်းထဲမှာ ဆေးလိပ်သောက်ဖို့ကို သင်တုံ့နေှးနေမှာပါ။

၃။ ဆေးလိပ်မသောက်ရမယ့် နေရာတေွကို သတ်မှတ်ပါ
---------------------------------------------------------
စစချင်းတော့ ဘယ်သူမှ ချက်ချင်း မဖြတ်နိုင်ပါဘူး။ တစ်နေ့ ဆယ်လိပ်ကနေ ငါးလိပ်လောက်ထိ လျေှာ့ချနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပါ။ လူများတဲ့နေရာ ၊ ကလေးတေွရှိတဲ့နေရာ ၊ စားသောက်ဆိုင်မှာစတဲ့ နေရာတေွမှာ မသောက်ဘူးဆိုတဲ့ သတ်မှတ်ချက်မျိုး ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ သင့်ရဲ့ဆေးလိပ်သောက်ချင်တဲ့စိတ်ကို ကောင်းကောင်း လျေှာ့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်နေလို့ပါ။

၄။ ပါးစပ်နဲ့လက်ကို အလုပ်ပေးထားပါ
-------------------------------------
ဆေးလိပ်သောက်ရမယ့််အစား ပါးစပ်ထဲမှာ ပီကေတစ်ခုခု ထည့်ပြီးတော့ ဝါးပါ။ သကြားလုံးဝါးပါ။ ပြီးရင် သကြားလုံးထုပ်လေးတေွ ဆောင်ထားပါ။ လက်တေွကို ဆေးလိပ်မကိုင်မိအောင် ဘောပင်န် ၊ ခဲဖျက်၊ ဘောလုံး ဒါမှမဟုတ် ဂိမ်းတစ်ခုခုကို ကစားပါ။ ဆေးလိပ်သောက်ချင်တဲ့ အာရုံ မရှိတော့အောင်လုပ်ပါ။ ဒါဟာ ခက်ခဲပေမယ့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကို နိုင်မှသာ ဖြစ်မှာပါ။

၅။ အသက်ကို ပြင်းပြင်းရှုပါ
---------------------------------
ဆေးလိပ်အရမ်းသောက်ချင်နေပြီဆိုရင် ချက်ချင်းအသက်ကို ပြင်းပြင်းရှုပါ။ ပြီးရင် ရှုလိုက် ၊ ထုတ်လိုက်နဲ့ ၅မိနစ်လောက်လုပ်ပေးပါ။ အသက်ပြင်းပြင်းရှုပေးတာဟာ ဆေးလိပ်သောက်ချင်စိတ်ကိုပါ လျေှာ့ချပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ချင်လာပြီဆိုတာနဲ့ အသက်ကိုပြင်းပြင်းရှုပြီးတော့ အာရုံပြောင်းပေးပါ။ ဒါဆို သင် အဆင်ပြေသွားပါလိမ့်မယ်။

၆။ ရေများများ သောက်ပါ
-----------------------------
ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေတဲ့အတွက် ရေများများ သောက်ပေးမှသာ အဆင်ပြေပါမယ်။ အားတဲ့ အချိန်တိုင်းမှာ ဆေးလိပ်ကို မကိုင်ပဲ ရေသောက်လိုက် ၊ တခြားအလုပ်တစ်ခုခု လုပ်လိုက်နဲ့ အာရုံပြောင်းပါ။ တစ်နေ့ကို ဖန်ခွက်နဲ့၁ဝခွက်လောက် သောက်ပေးပါ။

၇။ ၀ါသနာပါတာ တစ်ခုခု လုပ်ပါ
--------------------------------
အာရုံပြောင်းတဲ့အနေနဲ့ သင်ဝါသနာပါတဲ့ အားကစား ၊ ၊ဂီတာ ၊ အနုပညာတစ်ခုခုကို အချိန်ပေးပြီးတော့ လုပ်ပါ။ ဒါအပြင် ဆေးလိပ်ထက် ပိုပြီးတော့ ဆွဲဆောင်မှု အားပြင်းစေမယ့် အလုပ်တစ်ခုခုကို လုပ်ပါ။ ၀ါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်နေတာက အဲဒီအလုပ်ပေါ်မှာ အာရုံပိုစူးစိုက်မိပြီးတော့ ဆေးလိပ်သောက်တာဘက်ကို အာရုံလျော့နည်းလာစေပါတယ်။

၈။ တရားထိုင်ပါ
------------------
နောက်ဆုံးတစ်ချက်ကတော့ ညအိပ်ခါနီးတိုင်း ၁ဝ မိနစ်လောက် အချိန်ပေးပြီး တရားထိုင်ပေးပါ။ ပြီးရင် ၀င်လေထွက်လေကို မှတ်ထားပြီး အသက်ရှုလိုက် ထုတ်လိုုက်လုပ်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီးတော့ စိတ်ဖိစီးမှုကို ကောင်းကောင်း ကင်းဝေးစေပါတယ်။ ဒါအပြင် တရားထိုင်တာဟာ စိတ်ကိုလည်း ထိန်းချုပ်ပေးတဲ့အတွက် ဒီနည်းလမ်းတေွကိုသာ မှန်မှန်လုပ်ပေးသွားမယ်ဆိုရင် မကြာခင် ဆေးလိပ်ပြတ်သွားပါလိမ့်မယ်။
#Ref( ဒေါက်တာထွန်းကျော် - ဆေးလိပ်နဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)