ကလေးနဲ့ဉာဏ်ရည်ဆိုတာမှာ ကျောင်းစာသင်တဲ့နေရာမှာ တော်တာလည်း ဉာဏ်ရည်တစ်မျိုးဖြစ်ပါတယ်။ တချို့ကလေးတွေကျတော့ အဲလိုမတော်ဘူးလေ။ တချို့က ပန်းချီဆွဲတာတော်တယ်။ တချို့က အကတော်တယ်။ တချို့က ဂီတမှာတော်တယ်။ တချို့က အားကစားမှာတော်ကြပါတယ်။ လူတွေမှာ စွမ်းရည်က အမျိုးစုံရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ကို ဉာဏ်ရည်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တယ်ဆိုရင်တော့ ဒီအဆင့် ၄ ဆင့်ကို မိဘတွေအနေနဲ့ သိရှိထားဖို့လိုပါတယ်။ အဲဒီအဆင့်တွေကတော့ -
(၁) အားသာချက်ကို သိအောင်လုပ်ပါ
ကလေးက ဘယ်နေရာမှာ ပိုပြီးစွမ်းရည်ထက်သလဲဆိုတာကို အခွင့်အလမ်းတွေပေးပြီး သူ့ကိုလေ့လာဖို့လိုတယ်။ ဒီကလေးက အားကစားမှာ စိတ်ဝင်စားတာများတယ်ဆိုရင် အားကစားကို စိတ်ဝင်စားအောင် လုပ်ပေးရမယ်။ ပန်းချီကို စိတ်ဝင်စားတယ်ဆိုရင်လည်း ပန်းချီကို စိတ်ဝင်စားအောင် လုပ်ပေးရမယ်။ ဒါကမကောင်းဘူး ကျောင်းစာပဲလုပ်ဆိုတာမျိုး မဖြစ်ရဘူး။ ဒါကြောင့် ကျောင်းစာလည်းပါရမယ်။ သူစိတ်ဝင်စားတာလည်း လုပ်ပေးရမယ်။
(၂) မြေတောင်မြှောက်ပေးပါ
သူစိတ်ဝင်စားတဲ့အရာကို သိရပြီဆိုရင်လည်း အဲဒါကို မြေတောင်မြှောက်ပေးရမယ်။ လေ့ကျင့်ခွင့် များများပေးရမယ်။ အတွေ့အကြုံများများရအောင် လုပ်ပေးရမယ်။
(၃) အသိအမှတ်ပြုပေးပါ
လေ့ကျင့်ခွင့်ရလို့ ကလေးက တကယ်ကြိုးစားလုပ်တဲ့အခါကျရင် ကလေးကို အသိအမှတ်ပြုပေးရမယ်။
(၄) အားနည်းချက်ကို ပြုပြင်ပေးပါ
တကယ်လို့ လုပ်နေရင်း ကလေးက မှားလို့ရှိရင် အပြစ်မတင်ဘဲ ဘာကြောင့် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ဖြစ်လာတဲ့အမှားကနေပြီး သင်ယူစရာဖြစ်အောင် လုပ်ပေးရပါမယ်။
Ref: ဒေါက်တာသိန်းလွင်နှင့်အင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး