စျေး မီဒီယာ
မမွေးဖွားမှီ

သားအိမ်အပြင်မှာ သန္ဓေတည်ပါက ဘယ်လိုလက္ခဏာရပ်တွေကို ခံစားရပါသလဲ?

Posted by May Thaw Htoo July 23, 2022
Se5zgye75uip3ywjgici

သားဥပြွန်ရဲ့ ဘယ်အစိတ်အပိုင်းမှာ သန္ဓေတည်နေသလဲ။ အဲဒီ သန္ဓေသားက ဘယ်လိုဖြစ်သွားသလဲဆိုတာပေါ်မှာ မူတည်ပြီး ရောဂါလက္ခဏာ ပေါ်လာပါတယ်။ သားဥပြွန်ရဲ့ ကျဉ်းမြောင်းတဲ့ အပိုင်း (Isthmus region) မှာ သန္ဓေသားရောက်ရှိမယ်။ ရပ်တံ့မယ်။ ကြီးထွားဖွံ့ဖြိုးလာမယ်ဆိုရင် စောစီးစွာပဲ သားဥပြွန်ပေါက်တတ်တာမျိုး ရုတ်တရက် လက္ခဏာ ပေါ်လာပါတယ်။ တကယ်လို့ ကိုယ်က မီးယပ်သွေးပေါ်ဖို့ ရက်ကျော်နေတာမျိုး၊ သွေးထိန်နေတာမျိုး (ဥပမာ ၁လ အလွန်ဆုံး ၂လ) ကို သတိမထားမိရင် -

• အထူးသဖြင့် ရုတ်တရက် ချက်အောက်မှ၊ ဆီးစပ်မှ၊ ဆီးစပ်ဘေးတစ်ဖက်တစ်ချက်မှ ဗိုက်အောင့်၊ ဗိုက်နာပြီး၊ သတိလစ်၊ လဲကျသွားခြင်း
• ရုတ်တရက် သွေးပေါင်ကျပြီး လူတစ်ကိုယ်လုံး ဖြူဖက်ဖြူရော်ဖြစ်ခြင်း
• ဝမ်းဗိုက်ဖောင်းလာခြင်း
• သန္ဓေသားက သားဥပြွန်ရဲ့ ကျယ်တဲ့နေရာမှာဖြစ်မယ်ဆိုရင် ရောဂါလက္ခဏာက တဖြေးဖြေး ပေါ်လာခြင်း
• ဒီလိုဖြစ်ရင် တစ်လအထိ ကြာတတ်ပါတယ်။

• လိင်ဆက်ဆံမှု ပြုဖူးတဲ့ အမျိုးသမီးက မီးယပ်သွေးထိန်ခြင်း (၁ လ သို့မဟုတ် ၂ လ ခန့်)
• ဆီးစစ်လျှင် ကိုယ်ဝန်ရှိသည်ဟု အဖြေထွက်လာခြင်း
• မွေးလမ်းကြောင်းမှ မကြာခဏ သွေးနည်းနည်းချင်း ဆင်းခြင်း
• ဆီးစပ်နှင့် ခါးအောက်ပိုင်း မကြာခဏ နာခြင်း
• ဝမ်းသွားရင် ခက်ခဲခြင်း
• သွေးဆင်းခြင်းကြောင့် သွေးအားနည်းပြီး သွေးပေါင်ကျခြင်း၊ ဖြူဖက်ဖြူရော်ဖြစ်ခြင်း တို့ဖြစ်နိုင်ပါတယ်။

Ref: မေ့ရင်သွေးမဂ္ဂဇင်း

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.