စျေး မီဒီယာ
အခြား

နေမကောင်းသောကလေးများအား အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

Posted by May Thaw Htoo July 19, 2022
Ljid5nihelvtbcpshz6c

ဖေဖေ၊ မေမေတို့ရေ နေမကောင်းတဲ့ ကလေးငယ်လေးတွေကို ကိုယ့်ရဲ့နေအိမ်မှာ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ ကလေးတွေ ကိုယ်ပူတာ(ဒါမှမဟုတ်) အန်တာ (ဒါမှမဟုတ်) ဝမ်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အရည်ဓာတ်တေွလျော့နည်းသွားတာတွေ ဖြစ်မယ်ဆိုရင်အရည်ပိုတိုက်ပေးဖို့ လိုအပ်ပါတယ်။ အစားကိုပုံမှန်ကျွေးပြီး ကိုယ်ခံအားကောင်းနေစေမယ်ဆိုရင်တော့ အမြန်ဆုံးနေပြန်ကောင်းစေပါတယ်နော်။

C15s06esadjjyygqlpxy

မေမေတို့ရေ နေမကောင်းတဲ့ကလေးငယ်က မိခင်နို့သောက်သုံးနေရဆဲ ဖြစ်မယ်ဆိုရင် မိခင်နို့ကို ပိုမိုတိုက်ကျွေးသင့်ပါတယ်နော်။ နို့ချိုတိုက်ကျွေးနေတဲ့ ကလေးမဟုတ်ရင်တော့ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်၊ နို့တွေကို တိုက်နိုင်ပါတယ်။ တကယ်လို့ ကလေးကအန်တယ်ဆိုရင်လည်း ခဏနားပြီးတာနဲ့ ချက်ချင်းပြန်တိုက်သင့်ပါတယ်နော်။ ရင်သွေးငယ်တွေကို ကျွေးနေကြဖြစ်တဲ့ အစားအစာတွေကိုတော့ ပုံမှန်ပဲဆက်လက်ကျွေးပေးဖို့ လိုပါတယ်။ ကလေးတွေကို အစားကျွေးတဲ့အခါမှာတော့ ပျော့ပျောင်းနူးညံ့တဲ့အစားအစာဖြစ်စေဖို့ကို ဂရုစိုက်ပေးပါနော်။

Npx24ucjru3cwhzp0js3

မေမေတို့ရေ နောက်ပြီးနေမကောင်းတဲ့ကလေးငယ်တွေနဲ့ပတ်သက်လို့ ဖေဖေ၊ မေမေတို့အားလုံးက အန္တရာယ်လက္ခဏာတွေကိုလည်း စောင့်ကြည့်ပေးဖို့လိုပါတယ်နော်။ နောက်ဆက်တွဲပြဿနာတွေ မဝင်ရောက်စေဖို့အတွက်ကိုလည်း နာလန်ထချိန်မှာအနည်းဆုံးတစ်ပတ်လောက်အထိ ပုံမှန်စားနေကြအစားထက် တစ်နပ်လောက်ပိုကျွေးဖို့လိုအပ်ပါတယ်နော်။ ရင်သွေးငယ်လေးတွေရဲ့ အခြေအနေ၊ နေထိုင်မှု၊ စကားပြောဆိုလှုပ်ရှားမှုတွေကို ကြည့်ရှုပြီး ကလေးငယ်ရဲ့ နေမကောင်းဖြစ်မှုကို သတိထားကြည့်ရှုနိုင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

>>>> Unicode Version <<<<

Nqyshuydmxdjzf0bb9xn

နေမကောင်းသောကလေးများအား အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

ဖေဖေ၊ မေမေတို့ရေ နေမကောင်းတဲ့ ကလေးငယ်လေးတွေကို ကိုယ့်ရဲ့နေအိမ်မှာ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ ကလေးတွေ ကိုယ်ပူတာ(ဒါမှမဟုတ်) အန်တာ (ဒါမှမဟုတ်) ဝမ်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အရည်ဓာတ်တွေလျော့နည်းသွားတာတွေ ဖြစ်မယ်ဆိုရင်အရည်ပိုတိုက်ပေးဖို့ လိုအပ်ပါတယ်။ အစားကိုပုံမှန်ကျွေးပြီး ကိုယ်ခံအားကောင်းနေစေမယ်ဆိုရင်တော့ အမြန်ဆုံးနေပြန်ကောင်းစေပါတယ်နော်။

မေမေတို့ရေ နေမကောင်းတဲ့ကလေးငယ်က မိခင်နို့သောက်သုံးနေရဆဲ ဖြစ်မယ်ဆိုရင် မိခင်နို့ကို ပိုမိုတိုက်ကျွေးသင့်ပါတယ်နော်။ နို့ချိုတိုက်ကျွေးနေတဲ့ ကလေးမဟုတ်ရင်တော့ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်၊ နို့တွေကို တိုက်နိုင်ပါတယ်။ တကယ်လို့ ကလေးကအန်တယ်ဆိုရင်လည်း ခဏနားပြီးတာနဲ့ ချက်ချင်းပြန်တိုက်သင့်ပါတယ်နော်။ ရင်သွေးငယ်တွေကို ကျွေးနေကြဖြစ်တဲ့ အစားအစာတွေကိုတော့ ပုံမှန်ပဲဆက်လက်ကျွေးပေးဖို့ လိုပါတယ်။ ကလေးတွေကို အစားကျွေးတဲ့အခါမှာတော့ ပျော့ပျောင်းနူးညံ့တဲ့အစားအစာဖြစ်စေဖို့ကို ဂရုစိုက်ပေးပါနော်။

မေမေတို့ရေ နောက်ပြီးနေမကောင်းတဲ့ကလေးငယ်တွေနဲ့ပတ်သက်လို့ ဖေဖေ၊ မေမေတို့အားလုံးက အန္တရာယ်လက္ခဏာတွေကိုလည်း စောင့်ကြည့်ပေးဖို့လိုပါတယ်နော်။ နောက်ဆက်တွဲပြဿနာတွေ မဝင်ရောက်စေဖို့အတွက်ကိုလည်း နာလန်ထချိန်မှာအနည်းဆုံးတစ်ပတ်လောက်အထိ ပုံမှန်စားနေကြအစားထက် တစ်နပ်လောက်ပိုကျွေးဖို့လိုအပ်ပါတယ်နော်။ ရင်သွေးငယ်လေးတွေရဲ့ အခြေအနေ၊ နေထိုင်မှု၊ စကားပြောဆိုလှုပ်ရှားမှုတွေကို ကြည့်ရှုပြီး ကလေးငယ်ရဲ့ နေမကောင်းဖြစ်မှုကို သတိထားကြည့်ရှုနိုင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.