ကိုယ်ဝန်ဆောင်ချိန်မှာ ဟောက်တာ ကလေးအတွက် အန္တရာယ်ရှိပါသလား?
ဟောက်တယ်ဆိုတာ အိပ်နေစဉ် အသက်ရှူလမ်း ကြောင်း ကျဉ်းသွားခြင်း၊ လည်ပင်း ခေါက်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့် လရင့်တဲ့အချိန်မှာ ပိုဖြစ် တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ မှာ ဝလာခြင်း၊ ကိုယ်ဝန်မှာထွက်တဲ့ဟော်မုန်းတွေကြောင့် ကြွက်သားများ ရော့ရဲလာခြင်းတွေက အကြောင်းရင်းတွေ ဖြစ်ပါ တယ်။
အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းများကြောင့် အိပ်မောကျသွားတဲ့အခါမှာလည်း ဟောက်တတ်ပါတယ်။ တစ်ခါတရံ ဟောက်နေရင်းက အသက်ရှူ ရပ်သွားတတ်ပါတယ်။ Sleep Apnoea ရသွားတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟောက်တာ ပိုဖြစ်တတ်ပါတယ်။ မထူးဆန်းပါဘူးလို့ယူဆကြပေမဲ့ အသက်ရှူရပ်ခြင်း (Sleep Apnoea) မကြာခဏ ရရင်တော့ အောက်ဆီဂျင်ရတာနည်းသွားတတ်တဲ့အတွက် ကလေးရဲ့ ကြီးထွားမှု ကို ထိခိုက်တတ်ပါတယ်။ ပေါင်မပြည့်တဲ့၊ ညှက်တဲ့ကလေးဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းများနဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသနအချို့ကပြောပါတယ်။
အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းများ ရှောင်ပါ။ ပုံစံတကျအိပ်ပါ။ လည်ပင်းမခေါက်နေပါစေနှင့်။ ဟောက်နေစဉ် မကြာခဏ အသက်ရှူရပ်ခြင်း(Sleep Apnoea) ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။