ရာသီလာခါနီး ရင်သားတင်းခြင်းမျိုး ပုံမှန်ထက် ပိုတင်းပြီး နို့သီးခေါင်းလေးများနာပြီး ကြိမ်းနေတတ်ပါတယ်။
နို့သီးခေါင်းဘေးက အညိုကွင်းလေး (Primary areola) ဟာ ပိုပြီး မဲလာပြီး ဘေးကိုလည်းကျယ်ပြန့်လာပြီ (Secondary Areola) ဖြစ်လာပါတယ်။
အဲ့ဒီ အညိုကွင်း အပေါ်မှာ အဖြူအစက်လေးတွေလည်း သိသိသာသာ ပေါ်လာပါတယ်။ Montgomery tubercles လို့ခေါ်တဲ့ အဆီဂလင်းလေးတွေပါ။
ရင်သွေးလေး နို့စို့တဲ့အခါမှာ နို့သီးခေါင်း မကွဲအောင်၊ မပွန်းအောင် အကာအကွယ်ပေးတဲ့ လျောဆီ ထုတ်ပေးတဲ့ ဂလင်းလေးတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကိုယ်ဝန်ရဲ့ ဟော်မုန်းပမာဏ ပိုမိုများလာတာနဲ့အမျှ မွေးပြီးရင် ရင်သွေးလေးကို နို့တိုက်ကြွေးနိုင်ဖို့ ရင်သားကို ပြင်ဆင်တဲ့အနေနဲ့ ရင်သားကို ပိုပိုကြီးလာစေပါတယ်။
လိုက်နာဆောင်ရွက်ရန်
အတွင်းခံ ဘရာစီယာ စသည်များကို ချောင်ချောင် ဝတ်ဖို့လိုပါသည်။ လရင့်လာရင် ဘရာစီယာအရွယ်ပြောင်းရန် လိုအပ်လာပါလိမ့်မည်။