ကိုယ်ဝန်စရှိပြီဆိုတာနဲ့ သွေးသွားသွေးလာများလာပြီး နဲနဲလေးကြီးလာတဲ့ သားအိမ်လေးက ဆီးအိမ်ကို ဖိလာတဲ့အတွက် ဆီးခဏခဏ သွားရတတ်ပါတယ်။ ဒါလည်း ကိုယ်ဝန်စတည်ခါစရဲ့ လက္ခဏာတစ်ခုပါဘဲ။ ဆီးသွားစဉ် နာခြင်း ကျင်ခြင်း မရှိရပါဘူး။ နာခြင်းကျင်ခြင်းမရှိရင် စိတ်မပူရပါ။
နာခြင်း ကျင်ခြင်းရှိရင် ဆီးသွားလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်ပါတယ်။ ထိရောက်စွာကုသမှု မခံယူရင် ကိုယ်ဝန်မှာ တုန်ချမ်းဖျားခြင်း ကျောက်ကပ်နေရာ ခါးမှ နာခြင်းများ ဖြစ်တတ်ပြီး လမစေ့ဘဲ မွေးခြင်းဖြစ်တတ်ပါတယ်။ ကုသမှုခံယူရန် လိုအပ်တဲ့အတွက် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပါ။