ကိုယ်ဝန်မှာထွက်လာတဲ့ ဟော်မုန်းပရိုဂျက်စထရိုဂျင်ဟာ ကိုယ်အပူချိန်ကို တက်စေတတ်ပါတယ်။ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက်တော့ မပိုတတ်ပါဘူး။ တချို့က ကိုယ်ဝန်စတည်စမှာ ဖျားတယ်လို့ထင်ပြီး ကုသမှုခံယူတတ်ပါတယ်။
ကိုယ်ဝန်နုစကာလမှာ ခြေလက်အင်္ဂါလေးတွေ ဖန်တီးနေတာမိုလို့ မလိုအပ်ဘဲ ဆေးတွေ မသောက်သင့်ပါဘူး။
လိုက်နာဆောင်ရွက်ရန်
အပူအအေးမျှတတဲ့ ချည်သားများဝတ်ဆင်သင့်ပါတယ်။ ဖျားတယ်ထင်ရင် အဖျားတိုင်းကြည့်ပါ။ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုရင် ဆရာဝန်နှင့်တိုင်ပင်ပါ။
ဆရာဝန်အား ကိုယ်ဝန်ရှိကြောင်း ပြောပြပါ။