ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်အလေးချိန်ဘယ်လောက်တိုးသင့်သလဲ။
ပိန်ခြင်း၊ ဝခြင်းကို ဘယ်လို သတ်မှတ်ပါလဲ။
•Body mass index (BMI) နဲ့ တိုင်းတာပါတယ်။
•Body mass index (BMI) ဆိုတာဟာ ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းနဲ့ စားထားတာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ဆိုတာ ဘာလဲ။
Body mass index (BMI) ၁၈.၅ အထက်နဲ့ ၂၅ အောက် ကြားထဲမှာ ရှိနေရင် ပုံမှန်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်လို့ ခေါ်ပါတယ်။
Body mass index (BMI) ၂၅ ထက်ကျော်တဲ့သူကို ဝတဲ့သူလို့သတ်မှတ်ပါတယ်။
Body mass index (BMI) ၁၈.၅ အောက်ရောက်တဲ့သူ ပိန်တဲ့သူလို့သတ်မှတ်ပါတယ်။
ကိုယ်ဝန်နှင့်ပိန်ခြင်း၊ ဝခြင်း
•ဝတဲ့သူ (၂၅ထက်ကျော်တဲ့သူ) တွေ ကိုယ်ဝန်ဆောင်ရင် မိခင်နှင့် ရင်သွေးမှာပါ အန္တရာယ်ရှိပါတယ်။
•ပိန်တဲ့သူ (၁၈.၅ ထက်နည်းတဲ့သူ)တွေ ကိုယ်ဝန်ဆောင်ရင် ရင်သွေးလေးတွေ ပုံမှန်မကြီးထွားဘဲ ပေါင်ချိန်မပြည့်တာဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်အလေးချိန် ဘယ်လောက်တိုးသင့်သလဲ။
•ပုံမှန် ကိုယ်အလေးချိန်ရှိတဲ့သူ - ၂၅ ပေါင်- ၃၅ ပေါင်
•ဝတဲ့သူ - ၁၅ ပေါင်- ၂၅ ပေါင်
•ပိန်တဲ့သူ - ၂၈ ပေါင် - ၄၀ ပေါင်
•အမြွှာကိုယ်ဝန် - ၃၅ ပေါင် - ၄၅ ပေါင်
ကိုယ်ဝန်သက်အလိုက် ကိုယ်အလေးချိန် ဘယ်လောက်တိုးသင့်သလဲ။
•ကိုယ်ဝန်ပထမ ၃ လ - ၂ ပေါင်- ၄ပေါင်
•ကျန်တဲ့ အချိန်ကာလ - တစ်ပါတ် ၁ပေါင် နှုန်း
•အမြွှာ - တစ်ပါတ် ၁ပေါင်ခွဲ နှုန်း