သန္ဓေသားလေး အတွယ်မြဲစေဖို့ထွက်တဲ့ ပရိုဂျက်စထရိုဂျင်ဟော်မုန်းနဲ့ ကလေးမွေးတဲ့ အခါမှာ လွယ်ကူစေရန် အဆစ်၏ ဘေးပတ်ချာလည်တွင်ရှိသော အရွတ်များ ပျော့ပြောင်းလာစေဖို့ထွက်တဲ့ Relaxin ခေါ်တဲ့ ဟော်မုန်းကြောင့် ရိုးကွင်းတွင်ရှိသော အဆစ်များ ချောင်လာကြပါ တယ်။
လှုပ်ရှားသွားလာရာမှာ ကိုယ်ဝန်မရှိတဲ့အချိန်မှာ မလှုပ်တတ်တဲ့ ဆီးခုံရိုး၂ခု ဆက်တဲ့ နေရာ (အဆစ်) ဟာ လမ်းလျောက်တိုင်း လှုပ်လာတတ်ပါတယ်။ မြီးညှောင်ရိုးနဲ့ တင်ပါးခွက်ရိုး ဆက်တဲ့ အဆစ်များဟာ အိပ်ယာထဲမှာ တစ်ဘက်ကတစ်ဘက် လှည့်တဲ့အခါ လှုပ်တဲ့အတွက် နာတတ်ပါတယ်။
လိုက်နာဆောင်ရွက်ရန်
ကိုယ်ဝန်ရှိလာရင် ဇိုးကနဲ ဆတ်ကနဲ မလှုပ်ရှားသင့်ပါဘူး။ ရုတ်တရက် ထိုင်ရာက ဇတ်ကနဲ မထသင့်ပါဘူး။ သတိထားပြီး လှုပ်ရှားပါ။ လရင့်ရင် ပိုဆိုးတတ်ပေမဲ့ လနုတုံးမှာလည်း သတိထား လှုပ်ရှားသွားလာ သင့်ပါတယ်။