ခင်ပွန်းနဲ့ မိသားစုဝင်များက အဓိက စောင့်ရှောက်မှုပေးရမှာပါ။
မိသားစုအပြင် ကိုယ်ဝန်တလျှောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူကို ရှာဖွေပါ။
မိမိနှင့် မိမိရဲ့ ဝမ်းကြာတိုက်အတွင်းက ရင်သွေးငယ်လေး ပုံမှန်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာတဲ့မိခင်၊ ကျန်းမာတဲ့ ရင်သွေးလေးရဖို့ရာ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူ လိုအပ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဖွင်လှစ်ထားတဲ့ ဆေးရုံ၊ဆေးခန်းများ ရှိသကဲ့သို့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများလည်း ရှိပါတယ်။
မိသာစု၊ မိတ်ဆွေနဲ့ လုပ်ဖေါ်ကိုင်ဘက်များထံမှ စုံစမ်းရွေးချယ်ပါ။
ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူနှင့် စောနိုင်သမျှ အစောဆုံး တွေ့ဆုံပါ။
ဆောင်ရန် ရှောင်ရန် များနဲ့ လိုက်နာဆောင်ရွက်ရန်များ သိထားဖို့လိုပါတယ်။
အစကောင်းမှ အနှောင်းသေချာ ဆိုသလိုဘဲ ကောင်းမွန်သော ကိုယ်ဝန်ရလဒ်ကောင်းများရဖို့ အရည်အသွေး ကောင်းသော သားကောင်းရတနာများရဖို့ ကိုယ်ဝန်ရတာ စသိသိချင်းကတည်းက လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။