
ဆားဝက်ခြံကို လိမ်းဆေး အမျိုးမျိုး မလိမ်းလိုပဲ သဘာဝနည်းလမ်းဖြင့် ဖယ်ရှားလိုသူများတေွအတွက် ဆေးနည်းလေးကို အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။
၁။ သွားတိုက်ဆေး( တစ်မျိုးမျိုး )နှင့် အိမ်သုံးဆားကို ခွက်အသန့်တစ်ခုထဲတွင် အနေတော်လေး ဆတူ ရောစပ်ပါ။
၂။ ပြီးရင် မိမိသုံးနေကျ မျက်နှာသစ်ဆေးတစ်မျိုးမျိုးဖြင့် မျက်နှာကို သန့်စင်အောင် သစ်ပါ။

၃။ ရောစပ်ထားသော ဆေးကို ဆားဝက်ခြံပေါ်ကို ခပ်ပါးပါးလေး သုတ်လိမ်းပေးပါ။ (အထူကြီး မလိမ်းရပါ)။ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့ကို မဝင်ပါစေနှင့်။
၄။ သွားတိုက်ဆေးနှင့် ဆားဓာတ်ကြောင့် လိမ်းထားသည့် နေရာမှာ အနည်းငယ် ပူရှိန်းရှိန်း ခံစားရပါလိမ့်မယ်။ ခဏဆိုလှျင် ပြန်ပျောက်မည်။ ( ၁၅ )မိနစ်ခန့် ထားပြီးလှျင် မျက်နှာကို ရေဖြင့် ဆေးကြော သန့်စင်လိုက်ပါ။ ( မျက်နှာသစ်ဆေးရည်ကို သုံးရန်မလိုပါ )။

၅။ ဆေးအရှိန်ကြောင့် အပြင်ကို စူထွက်လာသည့် မှဲ့ခြောက်ကဲ့သို့သော ဆားဝက်ခြံ အမှျစ်လေးများကို လက်ဖြင့်သော်၄င်း၊ မျက်နှာတိုက်ဖတ်ဖြင့်သော်၄င်း၊ သွားပွတ်တံဖြင့်သော်၄င်း ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။( ပြင်းပြင်းထန်ထန် မတိုက်ရပါ )။
၆။ သန့်စင်ပြီးသော မျက်နှာအား ချေှးပေါက် မကျယ်စေရန် PRAEL Skincare သို့မဟုတ် တိုနာ( Toner ) တစ်ခုခု လိမ်းပေးထားနိုင်ပါတယ်။ ဒီနည်းကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးပါက ဆားဝက်ခြံများ ကင်းစင်ပြီး မျက်နှာကို ချောမွတ် လှပလာစေပါလိမ့်မယ်။

ဆားဝက်ခြံအတွက် ရေှာင်ရန်များ
-----------------------------------
၁။ ညဖက်တွင် လိမ်းခြယ်စရာ မိတ်ကပ်အမျိုးမျိုး ၊ Suncream အမျိုးမျိုးတို့ကို လိမ်းခြယ်ပြီးလှျင် မျက်နှာသစ်ပြီးမှသာ အိပ်ယာဝင်ပါ။
၂။ ဆောင်းတွင်းနှင့် အေးတဲ့အချိန် မျက်နှာမသစ်နိုင်လှျင် မိတ်ကပ်ဖျက်ရည်ဖြင့် ဖျက်ပြီးမှ အိပ်ယာဝင်ပါ။
#Ref( Saw Noi Nay Saing ( ပူတာအို) - သွားတိုက်ဆေးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)