စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

Posted by Kyaw Lin Han April 20, 2020
Pyfaugm2ds27kpxz3joc

ရာသီလာမဲ့ရက်မှာ မလာဘဲ ရက်ကျော်လာပြီဆိုရင် “ကိုယ်ဝန်လေလား” လို့ သတိထားကြရပါတယ်။
အခုခေတ်အချိန်မှာတော့ ရက်ကျော်လာရင် ဆီးစစ်တဲ့ကိရိယာလေးနဲ့ အလွယ်တကူစစ်လို့ရနေပါပြီ။

တကယ်တော့ သွေးထဲနဲ့ ဆီးထဲမှာ သုတ်ပိုးလေးနဲ့ သားဥလေး ပေါင်းစပ်ပြီး ၅-၆ ရက်အကြာ သန္ဓေ သားလေး ဘလပ်စ်တိုဆစ် အဆင့်မှာ သားအိမ်နံရံအမြှေးပါ စတွယ်ချိန်ကစလို့ ဘလပ်စ်တိုဆစ် ရဲ့ အပြင်နံရံက ဆဲလ်တွေက Human Chorionic Gonadotrophin (HCG) ဆိုတဲ့ ကိုယ်ဝန် ဟော်မုန်းစထုက်ပါတယ်။

နောက်ဆုံးရာသီ ပထမရက်ကတွက်ရင် ၃ပတ်အကြာလောက်မှာ စထွက်ပါတယ်။ ကိုယ်ဝန်ရဲ့ ပထမ ၃ လ အဆုံးလောက်မှာ အများဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ရဲ့ကျန်တဲ့ အချိန်ပိုင်းမှာတော့ ဖြည်းဖြည်းချင်း လျော့ကျလာပါတယ်။ အဲ့ဒီဟော်မုန်းကို ဆီးနဲ့သွေးထဲမှာ ရှာဖွေစမ်းသပ်လို့ ရပါတယ်။
သွေးထဲမှာ βHCG ပမာဏ တိုင်းခြင်း
•၁၀ ယူနစ်/ လီတာ ထက်နည်း - ကိုယ်ဝန် မရှိပါ။ -
•၁၀-၂၅ ယူနစ်/ လီတာ - ကိုယ်ဝန် မသေခြာသေးပါ။
•၂၅ ယူနစ်/ လီတာ ထက်များ - ကိုယ်ဝန်ရှိပါသည်။

ကိုယ်ဝန်သက်အလိုက် သွေးထဲမှာ ရှိသော βHCG ပမာဏ
•ကိုယ်ဝန် ၄ပတ် - ၀ မှ ၇၅၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၅ပတ် - ၂၀၀ မှ ၇၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၆ပတ် - ၂၀၀ မှ ၃၂၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၇ပတ် - ၃၀၀၀ မှ ၁၆၀၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၈ပါတ် မှ ၁၂ ပတ် - ၃၂၀၀၀ မှ ၂၁၀၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၁၃ပါတ် မှ ၁၆ ပတ် - ၉၀၀၀ မှ ၂၁၀၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၁၆ပါတ် မှ ၂၉ ပတ် - ၁၄၀၀ မှ ၅၃၀၀၀ ယူနစ်/ လီတာ
•ကိုယ်ဝန် ၂၉ပါတ် မှ ၄၁ ပတ် - ၉၄၀ မှ ၆၀၀၀၀ ယူနစ်/ လီတာ

အမြွှာကိုယ်ဝန်များမှာ ပိုများတတ်ပါတယ်။ သားပျက်သားလျောဖြစ်နေတဲ့ ကိုယ်ဝန်နဲ့ ဥပြွန်သန္ဓေတွေမှာတော့ သွေးထဲမှာ βHCG ပမာဏက ပုံမှန်တက်မနေတတ်ပါဘူး။
သွေးထဲမှာစပေါ်ပြီဆိုရင် ၄၈ နာရီတိုင်းမှာ ၂ဆ ပိုများလာတတ်ပါတယ်။
သွေးထဲမှာ ဟော်မုန်းပမာဏ ၁၀၀၀ ယူနစ် ကျော်ပြီဆိုရင် အာထရာဆောင်းမှာ သန္ဓေသား (Gestational sac) လေးကို သားအိမ်ထဲမှာ ကွင်းကလေး အနေနဲ့စတွေ့ရနိုင်ပါတယ်။
ဆီးစစ်ရတာလွယ်တဲ့အတွက် မေမေတို့ကိုယ်တိုင် အလွယ်တကူစစ်နိုင်ပါတယ်။
သွေးကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက လိုအပ်မှ စစ်ပါတယ်။


ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း

Ivaive9efzn8akpbhlg0

ဆီးကို ဘယ်ရက်လောက်မှာ စစစ်လို့ရပြီလဲ။ ကိုယ်ဝန်ရှိမှန်း ဘယ်တော့ စပေါ်မလဲ။
ရာသီပေါ်မဲ့ရက် မတိုင်ခင်လောက်ကတည်းက သွေးထဲမှာရော ဆီးထဲမှာပါ HCG စပေါ်နိုင်ပေမဲ့ စစ်တဲ့ နည်းကိရိယာအပေါ်လိုက်လို့ စပေါ်မဲ့ရက် အပြောင်းအလဲရှိနိုင်ပါတယ်။ ရာသီလာမဲ့ရက်ကို ကျော်ပြီ ဆိုရင် စစစ်နိုင်ပါပြီ။

ဆီးစစ်လို့ နှစ်ကြောင်းပေါ်ရင် ကာယကံရှင်က အရင်သိ၊ ခင်ပွန်းသည်ကို ပြောပြ၊ ၂ဦးသား အလွန် ပျော်ကြ။ မိသားစုနဲ့ မိတ်ဆွေများကို မင်္ဂလာသတင်း မကြေညာမီ စိတ်ထဲမှာ ပိုသေချာချင်ပြီး ဆရာဝန် ဆရာမဆီကို လာတိုင်ပင်လေ့ရှိပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.