စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ရှိပြီဆိုရင် မွေးမဲ့ရက်ဘယ်လိုတွက်မလဲ။

Posted by Kyaw Lin Han April 20, 2020
Pfiv1vtkl2fqhixkav91

ကိုယ်ဝန်ဆောင်တဲ့ကာလဟာ နောက်ဆုံအကြိမ်ရာသီ စပေါ်တဲ့ရက်ကနေ အပါတ် ၄၀၊ ရက်ပေါင်း ၂၈၀ ကြာပါတယ်။
နောက်ဆုံအကြိမ် ရာသီ စပေါ်တဲ့ရက်ကို သိဖို့ လိုပါတယ်။
အင်္ဂလိပ် ပြက္ခဒိန်ရက်ဖြစ်ရင် ရက်ကို ၇ ပေါင်း၊ လကို ၉ပေါင်း သို့မဟုတ် ဧပြီလနောက်ပိုင်းဆိုရင် ၃နှုတ်ရင် ခန့်မှန်ုမွေးမဲ့ရက်ကို ရပါမယ်။
ဥပမာ-
(၁) နောက်ဆုံအကြိမ်ရာသီ စပေါ်တဲ့ရက်က ၁.၁.၂၀၁၉ ဖြစ်ခဲ့ရင် ခန့်မှန့်မွေးရက်က ၈.၁၀.၂၀၁၉ ဖြစ်ပါ မယ်။
(၂) နောက်ဆုံအကြိမ်ရာသီ စပေါ်တဲ့ရက်က ၁.၄.၂၀၁၉ ဖြစ်ခဲ့ရင် ခန့်မှန့်မွေးရက်က ၈.၁.၂၀၂၀ ဖြစ်ပါမယ်။

မြန်မာ ပြက္ခဒိန်ရက်ဖြစ်နေမယ်ဆိုရင်
ရက်က လဆန်းရက်ဆို လဆုတ်ပြောင်းပြီး၊ လကို ၉လပေါင်းရပါတယ်။
ရက်က လဆုတ်ရက် ဖြစ်နေရင်တော့ လဆန်းပြောင်းပြီး၊ လကို ၁၀ လ ပေါင်းရပါတယ်။
ဝါထပ်ခဲ့ရင် သတိထားပြီး ထည့်တွက်ပါ။
ဥပမာ-
(၁) နောက်ဆုံအကြိမ်ရာသီ စပေါ်တဲ့ရက်က ပြာသိုလဆန်း ၈ရက်ဖြစ်ခဲ့ရင် ခန့်မှန့်မွေးရက်က သီတင်းကျွတ်လဆုတ် ၈ရက်ဖြစ်ပါမယ်။ ဝါထပ်ရင်တော့ တော်သလင်းလဆုတ် ၈ရက်ဖြစ်ပါမယ်။
(၂) နောက်ဆုံအကြိမ်ရာသီ စပေါ်တဲ့ရက်က ပြာသိုလဆုတ် ၈ရက်ဖြစ်ခဲ့ရင် ခန့်မှန့်မွေးရက်က တန်ဆောင်မုန်း လဆန်း ၈ရက်ဖြစ်ပါမယ်။ ဝါထပ်ရင်တော့ သီတင်းကျွတ်လဆုတ် ၈ရက်ဖြစ်ပါ မယ်။

ကိုယ်ဝန်သက် ဘယ်လိုတွက်မလဲ။

Ixquu60sadfkjztr9h4r

လနုစဉ်မှာ နောက်ဆုံအကြိမ် ရာသီစပေါ်တဲ့ရက်ကနေစပြီး ယခုရောက်နေတဲ့ရက်အကြား ဘယ်လောက်ရှိပြီလဲဆိုတာ ပြက္ခဒိန်မှာ ထောက်ပြီးတွက်လို့ရပါတယ်။
လရင့်လာရင်တော့ ခန့်မှန်း မွေးရက်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ တွက်လို့ရပါတယ်။

အက်ပလီကေးရှင်း
ခန့်မှန်းမွေးမဲ့ရက်၊ ကိုယ်ဝန်သက် တွက်ပေးတဲ့ အက်ပလီကေးရှင်းလေးတွေနဲ့လည်း တွက်လို့ရပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.