စျေး မီဒီယာ
မမွေးဖွားမှီ

Fetal alcohol spectrum disorder (FASD) and Fetal alcohol syndrome (FAS)

Posted by Kyaw Lin Han April 20, 2020
Tx4psvhrc5eyicihnmdw

ကောင်းမွေ ဆိုးမွေတွေထဲက မေ့ရင်သွေးလေးတွေအတွက် အကောင်းဆုံးအမွေတွေကို ပေးချင်တာ မေမေတွေ အားလုံးရဲ့ ဆန္ဒပါ။ ဒါပေမဲ့ ပေးလို့ပေးနေမှန်းမသိဘဲ မေ့ရင်သွေးများကို မမွေးခင်ကတည်းက ပေးနေမိပြီ မွေးရာပါ၊ သေရာအထိ တစ်သက်လုံး မပျောက်မပျက်ပါသွားနိုင်တဲ့ မေမေများပေးတဲ့ အမွေဆိုး ကတော့ Fetal alcohol syndrome (FAS) ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တဲ့ မေမေ့ရင်သွေးများရဲ့ ရောဂါဝေဒနာပါ။

ကိုယ်ဝန်ဆောင်စ ပထမ ၃လ ဟာ မေ့ရင်သွေးလေးတွေ ခြေလက်အင်္ဂါလေးတွေ ဖန်တီးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီကာလမှာ alcohol ပါတဲ့ ယမကာတွေ သောက်မိရင် မေ့ရင်သွေးလေးတွေကို ထိခိုက် တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ alcohol ပါတဲ့ ယမကာများနှင့် အရက်သောက်ခြင်းကြောင့် ရင်သွေးလေးကို ဘယ်လို ထိခိုက်နိုင်ပါလဲ။
သန္ဓေသားလေး စဖြစ်စ အချိန်နဲ့ ကိုယ်ဝန် ပထမ ၃လအတွင်းမှာ သောက်မိရင်တော့ ကိုယ်ဝန်ပျက်ကျဖို့ များပါတယ်။
ကျန်တဲ့အချိန်‌တွေမှာ သတ်မှတ်ထားတာထက် ပိုသောက်မိရင်တော့ ကိုယ်လွယ်ထားတဲ့ ရင်သွေးလေးတွေကို ထိခိုက်မှာပါ။
အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်မှာပါ။ သားအိမ်ထဲမှာ ရှိနေတဲ့ ရင်သွေးလေးဆီ သွေးသွားသွေးလာနည်းစေခြင်းဖြင့်လည်း ကလေးရဲ့ကြီးထွားမှုကိုလည်း နှေးစေ နည်းစေတတ်ပါတယ်။
အရက်ဖြတ်လိုက်ရင်တော့ ပုံမှန်ပြန်ကြီးထွားလာတတ်ပါတယ်။ ဆက်ပြီးသောက်နေရင် တော့ ဗိုက်ထဲမှာ ကလေးသေဆုံးခြင်းမျိုးလည်း ဖြစ်တတ်သလို လမစေ့ဘဲလည်း မွေးတတ်ပါတယ်။
ဒါမှမဟုတ်ရင်တော့ Fetal alcohol spectrum disorder (FASD) and Fetal alcohol syndrome (FAS) ပါတဲ့ ရင်သွေးလေး မွေးလာတတ်ပါတယ်။ မိသားစုထဲရောက်လာရင် အဲ့ဒီရင်သွေးလေးသာမက မိသားစုအားလုံး ဟာ ခံစားကြရပါတယ်။ တကယ်တော့ Fetal alcohol syndrome (FAS) ဟာ လုံးဝ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ။

Fetal alcohol spectrum disorder (FASD) and Fetal alcohol syndrome (FAS) ပါတဲ့ ရင်သွေးလေးတွေ ဘာတွေခံစားရမှာလဲ။
အခြားကလေးတွေထက်စာရင်း ကိုယ်အလေးချိန်နည်းပြီး အရပ်လည်း ပိုပုကြပါတယ်။ သူတို့လေးတွေမှာ ကျန်းမာရေးပြဿနာတွေရှိနေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေရှိတတ်ပါတယ်။

ခေါင်းလေးတွေလည်း ပိုသေးကြပြီး၊ မျက်နှာသွင်ပြင်မှာလည်း ထူခြားတာလေးတွေပါလာပါတယ်။ ခြေလက်နဲ့ အဆစ်တွေမှာလည်း ချို့ယွင်းချက်တွေပါလာတတ်ပါတယ်။ လှုပ်ရှားသွားလာရာမှာလည်း ပုံစံတကျ ဖြစ်မနေတတ်ပါဘူး။ ဉာဏ်ရည်ဖွံဖြိုးမှုနည်းပြီး မှတ်မိအောင် မှတ်သားရခက်ပါတယ်။ စာသင်ရခက်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုလေးတွေလည်း ရှိတတ်ပါတယ်။ စိတ်လှုပ်ရှားလွယ်ပြီး ပုံမှန် မဟုတ်တဲ့ အပြုအမူ မျိုးတွေလည်း ရှိတတ်ပါတယ်။ ကြီးလာတော့လည်း အရက်သောက်ခြင်း၊ ဆေးစွဲခြင်း- စတဲ့ ပြသနာတွေ ဖြစ်တတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟော ပမာဏဘယ်လောက်ကို များတယ်လို့ ပြောနိုင်ပါသလဲ?
ဘယ်လောက်အထိ သောက်ရင်တော့ ကလေးကိုမထိခိုက်နိုင်ပါဘူးလို့ပြောနိုင်လောက်တဲ့ သက်သေ အထောက်အထားတွေတော့မရှိသေးပါဘူး။ ဒါပေမဲ့သေချာတာ တစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးနို့တိုက်နေတုန်းမှာ အရက် လုံးဝမသောက်ရင်တော့ အရက်ကြောင့် ကလေးကို ထိခိုက်ဖို့မရှိဘူး ဆိုတာပါဘဲ။

ယူကေနိုင်ငံ တော်ဝင်သားဖွားမီးယပ်ပညာကောလိပ်ရဲ့ ၂၀၁၅ ခု ဖေဖေါ်ဝါရီလမှာ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်အရ
ကိုယ်ဝန် ပထမ ၃လ မှာ အရက် လုံးဝမသောက်ဖို့ ယူကေနိုင်ငံ တော်ဝင်သားဖွားမီးယပ်ပညာကောလိပ်က ၂၀၁၅ ခု ဖေဖေါ်ဝါရီလမှာ လမ်းညွှန်ထားပါတယ်။
ကိုယ်ဝန် ပထမ ၃လနောက်ပိုင်းမှာတော့ သတ်မှတ်ချက်ထက် မပိုဘဲ အနည်းအကျဉ်း သောက်ခြင်းဟာ မမွေးရ သေးတဲ့ကလေးကို အန္တရာယ်မပေးပါဘူးတဲ့။ တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါ၊ တစ်ခါသောက်ရင် တစ်ယူနစ် နှစ်ယူနစ် ထက် ပိုပြီး မသောက်သင့်ကြောင်း လမ်းညွှန်ထားပါတယ်။
အရက် တယူနစ်ဆိုတာ ယမကာ ထဲမှာ ပါတဲ့ အရက်အစစ် ရဲ့ပမာဏကိုပြောတာပါ။ အရက် တယူနစ် ဟာ အရက်အစစ် ၁၀ml သို့မဟုတ် 8g နဲ့ညီမျှပါတယ်။ ဥပမာ ကိုယ်သောက်မဲ့ ယမကာမှာ အရက် (အယ်ကို ဟော) ၄၀% ပါရင် ၂၅ ml မှာ တစ်ယူနစ် ပါ ပါ တယ်။ ၁၂% ပါရင် ၁၂၅ ml မှာ ၁.၅ ယူနစ်ပါပါ တယ်။ မှန်းတတ်အောင်ပါ။

အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဘီယာ နဲ့ ဝိုင် သောက်လို့ရပါသလား?
ပထမ သုံးလမှာ လုံးဝမသောက်သင့်ပါဘူး။ နောက်ပိုင်းမှာတော့ တစ်ပါတ်မှာ တစ်ခါ၊ နှစ်ခါ- တစ်ခါသောက်ရင် အယ်လ်ကိုဟော တစ်ယူနစ်၊ နှစ်ယူနစ်ထက်ပို မသောက်သင့်ပါဘူး။

သားသမီးယူဖို့စိတ်ကူးနေတဲ့အချိန် ဘယ်လိုလုပ်ရမလဲ။
လုံးဝမသောက်သင့်ပါ။ ဖေဖေကလည်းသောက်နေရင် ကလေးရဖို့ခက်ပါလိမ့်မယ်။
အရက်လည်းသောက်ထားမိတယ်။ ယူဖို့အစီအစဉ်မရှိသော်လည်း ကိုယ်ဝန်ရှိကြောင်းလည်းသိလိုက်ရတယ်။ မေ့ရင်သွေးလေး ဘာဖြစ်မှာလဲ။
များသောအားဖြင့်ကောင်းကြပါတယ်။ မေမေဘယ်လောက်သောက်လဲအပေါ်မူတည်ပါလိမ့်မယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အဓိကအချက်များ။
ကလေးယူရန်ကြိုးစားနေစဉ် နှင့် ကိုယ်ဝန်ပထမ ၃ လမှာ လုံးဝမသောက်သင့်ပါ။
နောက်ပိုင်းတွင် သတ်မှတ်ချက်ထက်ပိုသောက်လျှင် ကလေးထိခိုက်နိုင်သည်။
အန္တရာယ်အကင်းဆုံးသည် လုံးဝမသောက်ခြင်းဖြစ်သည်။
မသောက်ဘဲမနေနိုင်လျှင် သတ်မှတ်ချက်ထက်မကျော်သင့်ပါ။
နို့တိုက်မိခင်များလည်း မသောက်သင့်ပါ။
မိမိ အရက်သောက်ကြောင်း ဆရာဝန်ဆရာမကို အသိပေးပါ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.