စျေး မီဒီယာ
မမွေးဖွားမှီ

ကလေးပျက်ခြင်း

Posted by Kyaw Lin Han April 20, 2020
Jmmqvboxcejtkxvuyqqr

၁။Threatened abortion လို့ခေါ်တဲ့ ကလေးပျက်ချင်သလို ဖြစ်တာကတော့ သွေးနဲနဲဆင်းတာပါပဲ။ နာခြင်း ကိုက်ခြင်းမရှိတတ်ပါဘူး။ ဆရာဝန် ဆရာမနဲ့ ပြပြီး အခြားအကြောင်းတွေကြောင့် မဟုတ်ကြောင်း သေချာအောင် လုပ်ဖို့လိုပါတယ်။ သေချာရင်တော့ အိမ်မှာဘဲအနားယူဖို့လိုပါတယ်။
ကလေးပျက်ချင်သလိုဖြစ်ပြီးရင် ပြန်ကောင်းနိုင်ပါသလား။
ပျက်ချင်သလိုဖြစ်ရာက ၁၀ယောက်မှာ ၇ယောက်လောက်တော့ပြန်ကောင်းတတ်ပါတယ်။ နေ့စေ့ လစေ့ ရောက်သည်အထိဖွံဖြိုးတတ်ပါတယ်။

ဆက်လက်ကြီးထွားနေကြောင်း ဘယ်လိုသိနိုင်မလဲ။
သွေးဆင်းဆင်ချင် အာထရာဆောင်းတခါရိုက်ပြီး၊ ၂ပတ်ကြာရင်တခါပြန်ရိုက်ပါတယ်။ ကလေး ဆက်လက်ကြီးထွားနေပြီးသွေးဆင်းလည်းရပ်ပြီဆိုရင် စိတ်အေးရပါတယ်။ တပတ်ပြီးတပတ်လရင့် လာတာနဲ့ အောင်မြင်ဖို့ ပိုပိုများလာပါတယ်။

ဒီကြားထဲ ဘာဆေးတွေသောက်ဖို့လိုပါလဲ။ဖေါ်လစ်အက်ဆစ်ကတော့ ကိုယ်ဝန်မဆောင်ခင်ကတည်းက သောက်ထားရမှာပါ။ အခုလည်း ဆက်သောက်နေရပါမယ်။ ကျန်တာတော့ ကုသပေးနေတဲ့ဆရာဝန်က လိုအပ်တာလုပ်ပေးပါ လိမ့်မယ်။

တခြား ဘာတွေရှောင်ရန်ရှိပါသလဲ။
အလုပ်ဆင်းနေတဲ့သူဆိုရင်တော့ နားသင့်ပါတယ်။ အချိန်မရွေးသွေးဆင်းနိုင်လို့ပါ။ အိပ်ယာထဲမှာ နားနေခြင်းဟာ ကလေးပျက်တာကို မကာကွယ်ဘူလို့ သုတေသနတွေကတွေ့ထားပေမဲ့ အိမ်မှာတော့ နားသင့်ပါတယ်။ အိမ်ထောင်နဲ့ လည်းလိင်ဆက်ဆံခြင်းရှောင်သင့်ပါတယ်။ ဝမ်းမပျက်ပါစေနဲ့။ ဝမ်နှုတ်ဆေးမစားပါနဲ့။

အဲဒီကလေးတွေမှာ ခြေလက်အင်္ဂါချို့တဲ့တတ်ပါသလား။
နဂိုကတည်းက သွေးဆင်းရတဲ့အကြောင်းအရင်းက ကလေးရဲ့ချို့တဲ့မှုကြောင့်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာကြောင့်တော့ မဟုတ်ပါဘူး။ သွေးဆင်းတယ်ဆိုတာ အချင်းနဲနဲကွာထားတာ ဆိုတော့ ကွာထားတဲ့နေရာကြီးရင် အပြီးပျက်သွားတတ်ပြီး၊ သိပ်မကြီးရင် ဆက်လက်ကြီးထွားသော်လည်း ကြီးထွားမှုနှုန်းကိုတော့ထိခိုက်နိုင်ပါတယ်။ ပေါင်မပြည့်တာတော့ ဖြစ်နိုင်ပါတယ်။ ဂရုတစိုက် ကိုယ်ဝန်စောင့်ရှောက်မှုခံယူဖို့ အရေးကြီးပါတယ်။

၂။ အမြဲတော့ဘဲ မဖြစ်မနေပျက်ခြင်း Inevitable abortion
ဆက်ပြီးပျက်မယ်ဆိုရင် ဘယ်လိုသိနိုင်မလဲ။
ပျက်ချင်သလိုလို အဆင့် (Threatened abortion) ကနေ တားမရတော့ဘူး။ တကယ်ပျက်တော့မယ် Inevitable abortion အဆင့်ရောက်ပြီဆိုရင် ဆီးစပ်တွေ ခါးတွေကိုက်လာပါတယ်။ နာလိုက် ပျောက်လိုက်ပါ။ သားအိမ်ကညစ်အားပါလာလို့ပါ။ သွေးဆင်းများလာပါမယ်။ သားအိမ်အဝပါ ပွင့်လာရင်တော့ ကလေးနဲ့ အချင်းအသားစတွေပါသွေးနဲ့ရောပြီး ဆင်းလာတတ်ပါတယ်။ အကုန် ဆင်းသွားရင်တော့ ဆီးစပ်ကိုက်တာတွေ၊ သွေးဆင်းတာတွေ ရပ်သွားတတ်ပါတယ်။ ကုန်အောင် မဆင်းနိုင်ခင်အချိန်မှာ သွေးဆင်းများပြီးသွေးပေါင်ကျတတ်ပါတယ်။ အရေးကြီးပါတယ်။ ဆေးရုံ ချက်ချင်းသွားပါ။

၃။ အပြီးတိုင် ပျက်သွားခြင်း (Complete abortion)
ကုန်အောင်ဆင်းသွားရင်တော့ Complete abortion လို့ခေါ်ပါတယ်။

၄။ မကုန်သေးသော ကလေးပျက်ခြင်း (Incomplete abortion)
တချို့တဝက် ထွက်သွားပြီး မကုန်ရင်တော့ တစိတ်တပိုင်းထွက်သွားလို့ သွေးဆင်းနည်းသွားပေမဲ့ သွေးဆက်ဆင်းနေတတ်ပါတယ်။ ဆီးစပ်လည်းကိုက်နေတတ်ပါတယ်။ Incomplete abortion အဆင့်ပေါ့။

၅။ ပိုးဝင်သော ကလေးပျက်ခြင်း (Septic abortion)
အချင်းစမျာထဲကို ပိုးဝင်လာရင်တော့ အဖျားပါဝင်လာတတ်ပါတယ်။ ဒါဆို အန္တရယ်ပိုများ လာပါပြီ။ Septic abortion လို့ခေါ်ပါတယ်။ သွေးထဲမှာ ပိုးဆိပ်တွေပျံ့နှံ့နေပြီး Septicaemia ရပြီး အသက် အန္တရာယ် သိပ်နီးသွားပါပြီ။ သားအိမ်ထဲ ဝမ်းဗိုက်ထဲမှာ ပြည်တွေတည်ပြီး အချိန်မှီ ဗိုက်ခွဲပြီး ပြည်တွေထုတ်၊ လိုအပ်ရင် သားအိမ်ပါထုတ်နဲ့ပေါ့။ နှစ်စဉ်ဒီလို အခြေအနေ မျိုးနဲ့ မေမေတွေသေဆုံး နေကြရပါတယ်။ ကြောက်ဖို့အရမ်းကောင်းပါတယ်။

ကလေးပျက်ပြီး နောက်ဆက်တွဲဘာတွေဖြစ်နိုင်သေးသလဲ။
ကံကောင်းလို့ အသက် မဆုံးရှုံးရင်တောင် သားအိမ်ရောင်တဲ့ရောဂါ၊ သွေးအားနည်းတဲ့ နာတာရှည်ဝေဒနာတွေ ခံစားရနိုင်ပြီး၊ အိမ်ထောင်ရေး သုခတွေဆုံရှုံးပြီး၊ ဥပြွန်တွေပိတ်သွားလို့ သားသမီးရဖို့ အလွန်ခက်သွားတတ်ပါတယ်။ ဒါ့အပြင် ဥပြွန်မှာ သန္ဓေတည် တတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။
အလိုအလျောက်ပျက်တာဆိုရင် ၃ကြိမ်ဆက်တိုက်ဖြစ်ရင် အကြောင်းရှာရပါမယ်။ တွေ့ရင်တော့ အကြောင်ရင်းကို ကုပေါ့။ မတွေ့ရင်တော့ နောက်ကိုယ်ဝန်ယူမယ်စိတ်ကူးရင် ဖေါ်လစ်အက်ဆစ် တနေ့တပြား ကြိုသောက်ထားပါ။ ကိုယ်ဝန်ရရင်လည်း ၃လ အထိဆက်သောက်ထားပါ။ ကလေး ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ကလေးပျက်ခြင်းကိုကာကွယ်ပါလိမ့်မည်။ ကိုယ်ဝန်ဆောင်စဉ် နေကောင်းအောင် အဖျားအနာမရှိအောင် ကြိုးစားနေပါ။ ခြင်ကိုက်မခံရအောင်နေပါ။ နေထိုင်မကောင်းလို့ ဆရာဝန်ပြရင် ကိုယ်ဝန်ရှိကြောင်းပြောပြပါ။ ကလေးကိုမထိခိုက်သောဆေးရွေးနိုင်အောင်ပါ။

များသောအားဖြင့် ပိုးဝင်တဲ့ သားပျက်ခြင်းဟာ မလိုချင်လိုဖျက်ချတဲ့သူတွေမှာ အဖြစ်များ ပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်မရဖို့ အရေးကြီးပါတယ်။ ကိုယ့်မိသားစုကို ကိုယ်တိုင် ဖန်တီးကြပါ။ ကိုယ်တိုင်ရွေးချယ်သောနည်းနဲ့ သားဆက်ခြားကြပါ။ သာယာချမ်မြေ့တဲ့ မိသားစုပိုင်ရှင်များ ဖြစ်ကြပါစေ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.