စပျစ်သီး သန္ဓေတည်ခြင်းကတော့ ရင်သွေးလေးဖြစ်လာမဲ့အစား စပျစ်သီးလိုအရာတွေဖြစ်လာတာပါ။
ဗိုက်ကြီးနာစွဲတဲ့ လက္ခဏာတွေ ပြင်းထန်စွာခံစားရပြီး သွေးဆင်းလာတတ်ပါတယ်။
သွေးဆင်းများတတ်ပြီး စပျစ်သီးလို အသားစများလည်း ပါလာတတ်ပါတယ်။
သွေးဆင်းများပြီး အန္တရာယ်ရှိတတ်ပါတယ်။
ဆေးရုံမှာ စပျစ်သီးတွေကို ကုန်အောင်လုပ်ပေးဖို့လိုပါတယ်။
အဲ့ဒီ စပျစ်သီးတွေက ပြန်ဖြစ်တတ်သလို ကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။
ဖြစ်ရင် စောစောသိပြီးဆေးကုရင် ၁၀၀% ပြီးသားသမီးပြန်ယူလို့ရပေမဲ့ အသိ နောက်ကျ၊ ဆေးကု နောက်ကျရင် သေတတ်ပါတယ်။
ဒါကြောင့် ဆရာဝန်၊ ဆရာမများ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး မှန်မှန်ပြန်ပြရပါမယ်။ မေမေများ ကျန်မာရေးအသိများရှိပြီး အန္တရာယ် အပေါင်းမှကင်းဝေးကြပါစေ။