အထူးဂရုစိုက်ရမည့် အုပ်စုတွင် မပါပါက ပုံမှန်စောင့်ရှောက်မှုပေးရန် ရက်ချိန်းပေးရပါမည်။
ကိုယ်ဝန်ပထမ ၃ လ ၇လအထိ တစ်လ တစ်ခါသာတွေ့ဆုံရန်လိုပါသည်။
၇လမှ ၉လ အထိ ၂ပတ် တစ်ခါ ပြရန်ဖြစ်ပါတယ်။
၉လ (၃၆ ပါတ်) နောက်ပိုင်းမှာတော့ တစ်ပတ်တစ်ခါပြရန် လိုအပ်ပါ တယ်။
ကိုယ်ဝန်စောင့်ရှောက်မှုခံရန် ဆေးရုံဆေးခန်း လာတိုင်းလည်း ခင်ပွန်းသို့မဟုတ် မိသားစုဝင်များ လိုက်ပါရန် လိုအပ်ပါတယ်။