သားလောင်းလေးဟာ တစ်လက်မ မပြည့်တပြည့် (၃/၄လက်မ) အရွယ်ရှိနေပြီး၊ 0.04 အောင်စလောက် အလေးချိန်ရှိနေပါပြီ။ ဦးနှောက်နဲ့ အခြားအင်္ဂါတွေလည်း ပြည့်စုံလုနီးပါးဖြစ်နေပါပြီ။ နှလုံးကလည်း အခန်း ၄ခန်းပါတဲ့ အဆင့်ဖြစ်နေပြီး တစမိနစ်ကို အကြိမ် ၁၆၀လောက် ခုန်နေပြီဖြစ်ပါတယ်။ ဦးခေါင်းကတော့ ခန္ဓာကိုယ်နဲ့ ဆတူလောက်ဘဲ ရှိပါသေးတယ်။ ဒါပေမဲ့ ခေါင်းလေး နဲနဲ ထောင်နေပြီးဖြစ်ပါတယ်။ မျက်လုံးမှာ ပါသင့်တာတွေအားလုံး ပြည့်စုံပြီးဖြစ်ပါတယ်။ မျက်လုံးမှာ အရောင်ပါတဲ့ဆဲလ်တွေ ဖြစ်နေပြီဖြစ်လို မျက်လုံးဟာ ပိုပြီးမဲလာပါပြီ။ အပြင်နားရွက် သေးသေးလေးလည်း ပုံပေါ်လာပြီးဖြစ်သလို နားအတွင်းပိုင်းလည်း ဖြစ်ပေါ်နေပါပြီ။ သင့်ရဲ့ရင်သွေးလေးမှာ လက်ချောင်းကလေးတွေပေါ်နေပါပြီ။ ဒါပေမဲ့ လက်ချောင်းလေးတွေ တစ်ချောင်းစီ မကွဲသေးပါဘူး။ ဘဲလက်လေးတွေလိုဘဲ တစ်ချောင်းနဲ့တစ်ချောင်း တွယ်နေဆဲ ဖြစ်ပါတယ်။လက်ချောင်းလေးတွေဟာ လက်ကောက်ဝတ် အပေါ်မှာ ကွေးနေပြီး ရင်ပတ်ပေါ်က နှလုံးရှိတဲ့နေရာပေါ်မှာ ရောက်နေပါတယ်။ တံတောင််ဆစ်၊ ဒူးခေါင်း၊ ခြေမျက်စေ့-စတာတွေလည်း မြင်နေရပြီဖြစ်ပါတယ်။
ခြေထောက်နဲ့ ခြေချောင်းလေးတွေရဲ့ ဖွံ့ဖြိုးမှုတွေက လက်တွေ၊ လက်ချောင်းလေးတွေရဲ့ ဖွံ့ဖြိုးမှုထက် နောက်ကျပြီး နှေးကွေးပါတယ်။ ခြေထောက်၊ ပေါင် စတာတွေကလည်း ရှည်လာပြီးခြေဖဝါးလေးတွေ ဟာ ခန္ဓာကိုယ်ရဲ့ အရှေ့မှာ လာဆုံနေနိုင်ပါပြီ။ အသက်ရှူလမ်းကြောင်းတွေလည်း ဖြစ်ပေါ်နေပါတယ်။ လည်ပင်းကနေ ထွက်လာတဲ့ လေပြွန်လမ်းကြောင်းဟာ ဖွံ့ဖြိုးနေတဲ့ အဆုတ််နဲ့ဆက်စပ်မိပြီး အသက်ရှူနိုင်ဖို့ ပြင်ဆင်နေပါပြီ။အာရုံကြော ကွန်ယက်ကြီးကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားများ၊ မျက်စေ့၊ နားရွက်စတဲ့ အင်္ဂါအစိတ်အပိုင်းများကို ဖြန့်ကျက် ဆက်သွယ်လျက်ရှိနေပါပြီ။ ရင်သွေးလေးဟာ စတင် လှုပ်ရှားနေပြီဖြစ်ပေမဲ့ မေမေတို့ မခံစား မသိရှိနိုင်သေးပါဘူး။ယောင်္ကျားလေး၊ မိန်ကလေး စပြီးပေါ်ပြီဖြစ်ပေမဲ့ အာထရာဆောင်နဲ့ ကြည့်လို့ မရသေးပါဘူး။ လူရဲ့ အင်္ဂါရပ်တွေပြည့်စုံနေပြီဖြစ်တဲ့ လူအသေးစား လေးဖြစ်နေပါပြီ။ ဆေးပညာ အခေါ်အဝေါ် အရ Embryo လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲ သားလောင်းဘဝက Fetus လို့ခေါ်တဲ့ပြီးပြည့်စုံပြီဖြစ်တဲ့ သန္ဓေသားဘဝ ရောက်ပြီဖြစ်ပါတယ်။