
ရင်သွေးလေးရဲ့ အရွယ်ဟာ kumquat သီးလို့ခေါ်တဲ့ အခွံပါဝါးစားလို့ရတဲ့ လိမ္မော်သီးအသေးစားအရွယ် ဖြစ်ပါတယ်။ ၁.၂၅ လက်မလောက်ရှိပါပြီ။ အလေးချိန်အားဖြင့် ဝ.၁၄ အောင်စလောက် ရှိပါပြီ။ ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကြောင့် နဖူးဟာဖေါင်းပြီး ခေတ္တမောက်နေပါမယ်။ ဦးခေါင်းတစ်ခုတည်းက ခန္ဓာကိုယ် တစ်ခုလုံးအရှည်ရဲ့ ထက်ဝက်နီးပါးရှိနေပါတယ်။ မျက်ခွံလေး ၂ခုဟာ ပူးကပ်နေပြီး မျက်လုံးကို ၂၇ပတ်သားအထိ ပိတ်ထားမှာပါ။ နားရွက်၊ နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်သေးသေးလေးကို မြင်နေရပါပြီ။ သွားလေးတွေဟာ စတင်မာကြောလာပြီး မေးရိုးနဲ့ ဆက်တော့မှာပါ။ နို့ရည်အိတ်လေးကို မလိုတော့တဲ့အတွက် ပျောက်သွားဖို့ရန် စတင်ပြီး သေးငယ်လာပြီဖြစ်ပါတယ်။