
သင်ထိုင်နေစဉ် လုပ်လို့ရပါတယ်။ စအိုနဲ့ မိန်မကိုယ် အဝ ပတ်ဝန်းကျင်ကို ကျုံ့သွင်းလိုက်ပါ။ ဝမ်းသွားလို့ အပြီးမှာ စအိုကို ကျုံ့သကဲ့သို့လည်းကောင်း၊ ဆီးသွားနေစဉ်တွင် ဆီးကို ရပ်လိုက်ရန် ရုတ်တရက် ကျုံ့လိုက် သကဲ့သို့ လည်ကောင်း ကျုံ့သွင်းလိုက်ပါ။ ကျုံ့လိုက် ပြန်လျှော့လိုက်ကို တစ်ခါ လုပ်ရင် ၁ဝကြိမ် ၁၅ ကြိမ် လုပ်ပါ။
အဲ့ဒီလိုလုပ်ရာမှာ အသက်ရှူအောင့်ထားစရာလည်းမလိုပါ။ ဗိုက်ကြွက်သားများ၊ တင်ပါကြွက်သားများနဲ့ ပေါင်ကြွက်သားများ လျော့ထားပါ။ လိုက်ကြုံ့စရာမလိုပါ။
လုပ်နေကျဖြစ်လာတဲ့အခါမှာ ကြုံ့တဲ့ အနေအထားမှာ စက္ကန့် အနည်းငယ်မျှ ထိမ်းထားနိုင်ပါတယ်။
အပတ်စဉ် တိုးတိုးပြီး လုပ်သွားနိုင်ပါတယ်။ ၁၀-၁၅ ကြိမ် ကြုံ့ပြီးတိုင်း အနားပေးဖို့လိုပါတယ်။