
မိသားစုဘဝထူထောင်ဖို့ ရင်သွေးလေးတွေ ယူရာမှာ ခရီးစဉ်တစ်လျှောက် သာယာ ဖြောင့်ဖြူးတာများတယ် ဆိုပေမယ့် မမျှော်လင့်ထား၊ မမှန်းထားတဲ့ အန္တရာယ်တွေကလည်း အချိန် မရွေး၊ နေရာမရွေး ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့လည်း “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ ဆိုရိုးပေါ်ခဲ့တာပါ။ ဖောင်းမစီးဘဲ အန္တရာယ်နည်းတဲ့ တခြားနည်းသုံးလို့ရပေမဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ မီးနေခြင်းကတော့ မရှောင်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်၊ မီးနေချိန်မှာ ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူခြင်းဖြင့် အန္တရာယ် လျော့နည်းအောင် လျော့ချလို့ရပေမယ့် ၁၀၀ % တော့ မကာကွယ် နိုင်ပြန်ပါဘူး။ ဆရာဝန်၊ ဆရာမတွေ ချိန်းတဲ့အတိုင်း ပုံမှန်စနစ်တကျပြထားပေမယ့် ပြဿနာလေးတွေ ပေါ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေဟာ ဆရာဝန်ဆရာမနဲ့ ထိတွေ့ချိန်ထက် မိသားစုနဲ့ ထိတွေချိန်ပိုများပါတယ်။ ရင်သွေးလေးကိုလွယ်ထားတဲ့ မေမေက ရင်သွေးလေးနဲ့ အချိန်ပြည့် ထိတွေ့နေပါတယ်။
ဒါကြောင့် ဆရာဝန်၊ ဆရာမတွေနဲ့ ထိတွေ့ချိန်မဟုတ်တဲ့ကာလမှာ အမျိုးသား အပါအဝင် မိသားစုဝင် အားလုံးဟာ ဘယ်အန္တရာယ်လက္ခဏာတွေဟာ အရမ်းအရေးကြီပြီး ချက်ချင်းအရေးတယူလုပ်ရမယ့် “မီးနီလား”၊ သတိထားရမယ့် “မီးဝါလား”၊ အန္တရာယ်နည်းတဲ့ “မီးစိမ်းလား” စတာတွေကို သိရှိပြီး မေမေ၊ ကလေး နေကောင်း၊ မကောင်း အကဲခပ်တတ်ဖို့နဲ့ ဖြစ်လာခဲ့ရင် “ဘာတွေလုပ်သင့်တယ်” “ဘယ်သူတွေနဲ့ဆက်သွယ်ရမယ်” စတာတွေ သိထားခြင်းဖြင့် ထိရောက်တဲ့ ကုသမှုတွေ အချိန်နဲ့ တပြေးညီ ရရှိပြီး အန္တရာယ်က ကင်းဝေးမှာဖြစ်ပါတယ်။ အန္တရာယ်လုံးဝကင်းတဲ့ ကိုယ်ဝန်ဆောင်ဆိုတာ မရှိပါဘူး။ မိသားစုဝင်တိုင်း သိသင့်တဲ့ မေ့ရင်သွေး မေမေများအတွက် ကိုယ်ဝန်ဆောင်စဉ် မီးနီများအကြောင်းကို တင်ပြပေးမှာ ဖြစ်ပါ တယ်။