
(၁) သွေးပေါင်တိုးခြင်း၊ ဖောယောင်ခြင်းများဟာ ကိုယ်ဝန်ဆိပ်တက်ရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။ ဆေးရုံ ဆေးခန်းကို ပြဖို့လိုပါတယ်။ အချိန်မရွေး ကိုယ်ဝန်ဆိပ်တက်နာဖြစ်သွားပြီး မိခင်၊ ကလေး အသက် အန္တရာယ် ဖြစ်နိုင်ပါတယ်။
(၂) ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မကြည်လင်ခြင်း စသဖြင့် ပြင်းထန်တဲ့ ကိုယ်ဝန်ဆိပ် တက်နာရဲ့ အန္တရာယ်လက္ခဏာဖြစ်ပါတယ်။ အမြန်ဆုံးဆေးရုံပို့ပေးဖို့ လိုအပ်ပါတယ်။ မိခင်ရော ကလေးအတွက်ပါ အလွန်အရေးကြီးတဲ့ မီးနီပါ။
(၃) ကလေးပုံမှန် မတိုးခြင်း၊ အတိုးနည်းခြင်းဟာ ကလေးရဲ့ အန္တရာယ် လက္ခဏာဖြစ်ပါတယ်။ စောင့်ကြည့်မ နေပါနှင့်။ ဆရာဝန်၊ ဆရာမထံ အမြန်ပြဖို့လိုပါတယ်။
(၄) သွေးဆင်းခြင်း
အချင်းကွာခြင်း၊ အချင်းအောက်ခံခြင်းများကြောင့် ဖြစ်နိုင်ပါတယ်။ သွေးသွန်ပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ မီးနီပါ။ နည်းနည်းပဲ ဆင်းလည်း အရေးကြီးပါတယ်။ ဆေးရုံ အမြန်ပို့ဖို့ လိုပါတယ်။
(၅) ရေဆင်းခြင်း
ဗိုက်မနာဘဲ ရေဆင်းခြင်းဟာ၊ အရေးကြီးတဲ့ မီးနီတစ်ခုဖြစ်ပါတယ်။ ကလေးနေတဲ့ ရေအိတ် ပေါက်သွား ပြီဖြစ်တဲ့အတွက် ပိုးဝင်နိုင်ပြီး ကလေးရော အမေပါ အန္တရာယ်ရှိပါတယ်။ လမစေ့ဘဲ ဗိုက်နာလာပြီး လမစေ့၊ ပေါင်မပြည့်တဲ့ ကလေး မွေးတတ်ပါတယ်။ ချက်ချင်းဆေးရုံသွားဖို့ လိုပါတယ်။
(၆) ဗိုက်နာခြင်း
ဗိုက်နာခြင်းဟာ ကလေးမွေးဖို့ ဗိုက်နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း၊ ရေမွှာရည်များလွန်းလို့ သိပ်တင်းပြီး နာခြင်း စတာတွေဖြစ်နိုင်သလို ဆီးသွားလမ်းကြောင်းပိုးဝင်လို့ ဗိုက်နာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလိုပါတယ်။
(၇) အဖျားကြီးခြင်း၊ (အထူးသဖြင့် ငှက်ဖျားအဖြစ်များသောဒေသများတွင်)
(၈) အသက်ရှူကြပ်ခြင်း၊ မောခြင်း
မိသားစုက မေမေ နဲ့ ရင်သွေးလေးရဲ့ အန္တရာယ် မီးနီလေးတွေ သိပြီး သတိထားပြီး အရေးတယူ ဆောင်ရွက်ခြင်းဖြင့် မေမေ နဲ့ ရင်သွေးလေးကို စောင့်ရှောက်နိုင်ကြပါစေ။