အရမ်းအန်ပြီး ဘာမျှမဝင်ရင် လူလည်းသိပ်နုံးလာမယ်။ အရည်ဓါတ်တွေခန်းခြောက်လာမယ်။ ကိုယ်အပူချိန်လည်း တက်လာမယ်။ နှလုံးခုံနှုန်းတွေလည်းမြန်လာမယ်။ ဆီးလည်းနည်းလာမယ်။ ဆီးအရောင်ရင့်လာမယ်ဆိုရင် ဒါတွေဟာ အန္တရာယ်လက္ခဏာတွေပါ။
ဆေးရုံ၊ ဆေးခန်း သွားရပါလိမ့်မယ်။ ကိုယ်ဝန်စောင်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။ လိုအပ်သော ကုသမှုများ ခံယူပါ။ အအန်များတတ်တဲ့ အမြွှာကိုယ်ဝန်နဲ့ စပျစ်သီး သန္ဓေ ဟုတ်၊ မဟုတ် စစ်ဆေးဖို့လိုပါလိမ့်မယ်။