
အဖြူဆင်းခြင်းအပြင် မိန်းမကိုယ်ယားခြင်းရှိပါက ပုံမှန် မဟုတ်တော့ပါ။ ဖြစ်ရသောအကြောင်းရင်း ၂ခုရှိပါသည်။
၁။ မက်ခရုခေါ် မှိုပိုးဝင်ခြင်း
ကိုယ်ဝန်ဆောင်ကာလတွင် မက်ခရုခေါ် မှိုပိုး (Candidiasis) ဝင်လွယ်ပါသည်။ နို့ဖတ်များ ကဲ့သို့ အဖြူအဖတ်များ ဆင်းပြီး အလွန်ယားပါသည်။ ပဋိဇီဝ ဘက်တီးရီးယားများကိုသေစေသော ပိုးသတ်ဆေးများ သောက်လျှင်လည်း မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများသေကုန်သဖြင့် မက်ခရုခေါ် မှိုပိုး (Candidiasis) များပွားများလာနိုင်ပါသည်။ ဆီးချိုရှိလျှင် ပိုဆိုးတတ်ပါသည်။ မကြာခဏ ပြန်ပြန်ဖြစ်တတ်ပါသည်။ ကိုယ်ခံအား ကျနေသောသူများ HIV လူနာများတွင်လည်း ဖြစ် တတ်ပါသည်။ ဆေးကုသမှု ထိထိရောက်ရောက်မခံယူထားပါက မွေးဖွားလာသော ရင်သွေးလေးတွင် လည်း ပါးစပ်နှင့်လျာများတွင် မက်ခရုပေါက်တတ်ပါသည်။ လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါ မဟုတ်ပါ။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
၂။ Trichomoniasis ခေါ် အဖြူဆင်းပြီးမိန်းမကိုယ်ယားခြင်း
Trichomonas vaginalis ခေါ် ပိုးတစ်မျိုးကြောင့်ဖြစ်သည်။ လိင်ဆက်ဆံခြင်းမှ ကူးဆက်နိုင် ပါသည်။ ဆင်းသောအဖြူသည် အရည်ဖြစ်ပြီး အနံ့အသက်ရှိပါသည်။ အလွန်ယားပါသည်။ လမစေ့ဘဲ ရေမွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။