
တချို့တွင် ယားခြင်းမရှိဘဲ အနံ့အသက်ရှိသောအဖြူများဆင်းတတ်ပါသည်။ အခြားသူထံမှ ကူစက်သောရောဂါမဟုတ်ဘဲ မိမိမိန်းမကိုယ်အတွင်း သဘာဝအတိုင်း အတူတကွ ရှိနေသော ပိုးများအနက် ကောင်းကျိုးပေးသောပိုးများ ပျောက်သွားပြီး၊ ပုံမှန်အားဖြင့် အနည်းငယ်သာရှိသင့်သော ပိုးအချို့ကြောင့် အဖြူ အဆင်းများပြီး အနံ့ဆိုးခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည်လည်း လမစေ့ဘဲ ရေမွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ ကို ပြောပြပါ။ ကုသမှုခံယူပါ။