
လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သော ဂနိုရီယား (Gonorrhoea) ရောဂါနှင့် ကလယ်မိုင် ဒီးယား (Chlamydia) ရောဂါများကြောင့် ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းသည်လည်း လမစေ့ဘဲ ရေမွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ မွေးဖွားစဉ် ရင်သွေးလေးထံ ကူးစက်နိုင်ပြီး အဆုပ်ယောင်ခြင်း၊ မျက်စိနာခြင်းများဖြစ်တတ်ပါသည်။ အမြင်အာရုံ ချို့ယွင်းသွားသည် အထိဖြစ်နိုင်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံလျှင် ကွန်ဒွန်ခေါ် အစွပ်သုံးပြီး ကာကွယ်ပါ။