
အချို့သော ကိုယ်ဝန်အားဆေးများမှာပါတဲ့ သတ္တုဓါတ်တချို့ဟာ ကိုယ်ဝန်ဆောင်အချို့ကို ဝမ်းချုပ်စေပါတယ်။ အချို့ကိုတော့ မချုပ်စေပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်တာချင်း မတူကြပါဘူး။ ဝမ်းသိပ်ချုပ်ရင် အားဆေးခဏဖြတ်ကြည့်ပါ။ ဆေးကြောင့်ဖြစ်ရင် ဝမ်းက ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုနောက် အားဆေးတစ်မျိုးပြောင်းသောက်ကြည့်ပါ။