
ရောဂါမဟုတ်သော်လည်း သားသားမီးမီးတို့ကို လွယ်ထားရလိုဖြစ်တဲ့ အစားခက်၊ အနေခက်၊ သွားလာလှုပ်ရှားရခက်၊ အလှည့်အစောင်းခက်၊ အထိုင်အထခက်၊ အအိပ်ခက်၊ ဝမ်းသွားရခက်၊ ဆီးသွားရခက် စတဲ့ အာဝေနိက ဒုက္ခတွေ ခံစားနေရလား။ ဘယ်လိုဖြေရှင်းမလဲ- အကြံပေးဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တိုင်းတွင် ကိုယ်ဝန်၏ အာဝေဏိက ဒုက္ခများ အနည်းနှင့်အများ ခံစားရတဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ အကြံဉာဏ်များ တောင်းနိုင်ပါ တယ်။ ဒုတိယ ၃လနဲ့ တတိယ ၃လ ကိုယ်ဝန် ပြောင်းလဲမှုများနှင့် အာဝေဏိက ဒုက္ခများ အကြောင်း ကိုလည်း သိထားရန်လိုအပ်ပါသည်။
ကိုယ်ဝန်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြသနာများကြောင့် ခံစားချက်များ (ဥပမာ-သွေးဆင်း၊ ရေဆင်းခြင်း၊ ဗိုက်နာခြင်း၊ ကလေးအတိုးနည်းခြင်းစသည်များ ရှိ၊ မရှိလဲ မေးမြန်ဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူတဲ့တစ်ကြိမ်နဲ့ တစ်ကြိမ် အကြားမှာ ဘာတွေ ဖြစ်သေးသလဲ။ ဥပမာ -ဖျားနာခြင်း၊ သွေးဆင်းခြင်း၊ ထိခိုက်မိခြင်းစတာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြဖို့လို ပါတယ်။ မှတ်တမ်းတင်ထားဖို့လည်း လိုပါတယ်။
မေမေရောနေကောင်းရဲ့လား ဆိုတာ မေးလို့၊ စမ်းလို့ စစ်ဆေးလို့လွယ်ပါတယ်။