
ကိုယ်ဝန် ၅လကစပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတဲ့ ပြသနာဝင်လာနိုင်ပြီဖြစ်ပါတယ်။ ဝင်လာတဲ့အခါမှာလည်း ဘာမျှမခံစားရဘဲ ဝင်လာတတ်ပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေ အနေသိပ်နီးတဲ့အခါမှာမှ ရောဂါ လက္ခဏာပေါ်တတ်တဲ့အတွက် ကိုယ်ဝန် စောင့်ရှောက်မှု ခံယူရန် လာတိုင်း သွေးပေါင်ချိန်ရခြင်းဖြစ်ပါတယ်။