
ဗိုက်ပေါ်မှ သားအိမ်အမြင့်ကို စမ်းကြည့်ခြင်းအားဖြင့် ကိုယ်ဝန်သက်အလိုက် ရင်သွေးလေး ပုံမှန်ကြီးထွားမှုရှိ၊ မရှိကို မှန်းနိုင်ပါသည်။
ရေမွှာအနည်းအများကို တိကျစွာမတိုင်းနိုင်သော်လည်း အနည်းအများကိုအကြမ်းဖျင်း သိနိုင်ပါသည်။
ဒုတိယ ၃လတွင် ကလေးကသေးနေပြီ ရေမွှာရည်များနေသေးသဖြင့် ချောင်နေသောကြောင့် ရင်သွေးလေး ပတ်ခြာလည်လှည့်ပါတ် လှုပ်ရှားနေပါအုံးမည်။ အနေအထားတစ်မျိုးမှ နောက် အနေအထာသို့ အမြဲပြောင်းလဲနေမှာဖြစ်ပါတယ်။ ကလေးအနေအထားကိုစမ်းရန် မလိုသေးပါ။
ကိုယ်ဝန် ၅ လ (၂ဝပတ်) လောက်မှစပြီး ကလေးနှလုံးခုံသံကို စတင်နားထောင်လို့ရပါပြီ။ Doppler ခေါ်ကရိယာလေးနှင့် နားထောင်ပါက မေမေတို့ပါ ကြားနိုင်ပြီး နှလုံးခုန်နှုန်းကိုပါ သိနိုင်ပါပြီ။